The network connection is lost.

Banner Image

ကစားသမားတွေကို စာလိုက်ပေးနေတဲ့ ရိုဆင်နီယာကို ပက်တစ် ဝေဖန်

ချဲလ်ဆီးကွင်းလယ်လူဟောင်း အီမန်နျူရယ် ပက်တစ်က ကစားသမားတွေကို စာတွေလိုက်ပေးနေတဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ ရိုဆင်နီယာကို သတိပေးလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အဲဗာတန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရိုဆင်နီယာရဲ့ လက်ထက်မှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေအတွက်လည်း တကယ့်ကို ထိုးနှက်ချက် ဖြစ်သွားခဲ့ရပါတယ်။

အန်ဇိုမာရက်စကာရဲ့ နေရာမှာ ဇန်နဝါရီလကမှ အစားထိုးဝင်ရောက်လာတဲ့ ရိုဆင်နီယာဟာ အသင်းကို ရလဒ်ဆိုးတွေထဲကနေ ဆွဲမထုတ်နိုင်ဘဲ ဆက်တိုက် ရုန်းကန်နေရတဲ့အတွက် အခုဆိုရင် ချဲလ်ဆီးဘုတ်အဖွဲ့ရဲ့ ထုတ်ပယ်ခြင်းကို ခံရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ရိုဆင်နီယာရဲ့ လက်ထက်မှာ ဝေဖန်စရာ အကောင်းဆုံး ဖြစ်နေတဲ့ အချက်တစ်ခုကတော့ ကစားသမားတွေကို စာလိုက်ပေးနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တဲ့ပွဲ ၈၄ မိနစ်မှာလည်း သူက ကစားသမားတွေကို စာရွက်လေးတစ်ရွက် ကမ်းပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

talkSPORT နဲ့ အင်တာဗျူးမှာတော့ ပက်တစ်က ရိုဆင်နီယာရဲ့ စာပေးတဲ့ လုပ်ရပ်တွေဟာ အသင်းကို ဘာမှ အကျိုးမပြုတဲ့အတွက် ဒါတွေကို ရပ်တန့်သင့်ပြီလို့ ပြောကြားခဲ့ပါတယ်။

"သူပြုမူနေတဲ့ ပုံစံတွေ၊ အရန်ခုံမှာရှိနေတဲ့ သူ့ရဲ့ ဟန်ပန်တွေနဲ့ စာရွက်ပေါ်မှာ တစ်ခုခုကို အမြဲလိုက်ရေးပြီး ကစားသမားတွေကို ပေးနေတာတွေကလေ... တော်ပါတော့ဗျာ။

ကစားသမားတွေက အဲဒါကို နားမလည်ကြပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလည်း ဒီလိုပါပဲ၊ ကျွန်တော်တို့ ဒါတွေကို နားမလည်ပါဘူး။ ဒါကြောင့် အဲဒါတွေ မလုပ်ပါနဲ့။ ကျွန်တော်တို့က မိုက်မဲတဲ့သူတွေ မဟုတ်သလို ကလေးတွေလည်း မဟုတ်ဘူး။ ဒါကြောင့် မှန်မှန်ကန်ကန်ပဲ ပြုမူဖို့ ကြိုးစားပါ။

အဲဗာတန်ကို ၃-၀ နဲ့ ရှုံးတဲ့ နောက်ဆုံးပွဲက ပုံရိပ်တွေကို ကြည့်လိုက်မိလားတော့ မသိဘူး။ ကျွန်တော်ကတော့ အဲဒီပွဲကို ကြည့်ခဲ့ပါတယ်။ တတိယဂိုး ပေးလိုက်ရပြီးတဲ့နောက် သူက လူစားလဲဖို့ လုပ်ရင်း တစ်ခုခုကို ချရေးနေပြန်တယ်။

ပြီးတော့ ကွင်းထဲဝင်တော့မယ့် ကစားသမားတွေဘက်ကို အမြန်လှည့်ပြီး စာရွက်ထဲက တစ်ခုခုကို ပြနေတာ။ ဒါပေမဲ့ သူ့နောက်က ကစားသမားတွေ သူ့ကို ကြည့်နေတဲ့ အကြည့်တွေကိုသာ ကြည့်လိုက်ရင် အခြေအနေကို အများကြီး သိနိုင်ပါတယ်" လို့ ပက်တစ်က ဆိုပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် ချဲလ်ဆီးဟာ အဆင့် ၆ နေရာမှာ ရှိနေပြီး ဝိကန့်က ဘရိုက်တန်ကို ရှုံးခဲ့တဲ့ လီဗာပူးရဲ့ အနောက်မှာ ရောက်နေပါတယ်။ အကယ်၍ ရိုဆင်နီယာအနေနဲ့ ရလဒ်တွေကို အမြန်ဆုံး မကောင်းအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ရလဒ်မကောင်းတဲ့ မန်နေဂျာတွေကို စိတ်ရှည်လေ့မရှိတဲ့ ချဲလ်ဆီးဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ထုတ်ပယ်မှာ သေချာပါတယ်။