The network connection is lost.

Banner Image

CAF နဲ့ မော်ရိုကိုအသင်းဆီ သတင်းစကားတစ်ခုပါးလိုက်တဲ့ အဲဗာတန်ရဲ့ဆီနီဂေါအတွဲ

စနေညပိုင်း၊ ချဲလ်ဆီးကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး အဲဗာတန်ကစားသမားတွေဖြစ်တဲ့ အန်ဒီယာရီနဲ့ ဂူယီတို့က အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဆီ သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။

အန်ဒီယာရီက ဂိုးသွင်းယူပြီး အောင်ပွဲခံနေချိန် လာရောက်ပူးပေါင်းခဲ့တဲ့ ဂူယီနဲ့အတူ ဆီနီဂေါအသင်း ဆွတ်ခူးထားတဲ့ အာဖရိကနိုင်ငံများဖလားအရေအတွက် ရည်ညွှန်းမှုအဖြစ် လက်ချောင်းနှစ်ချောင်းထောင်ကာ "၂" ဆိုတဲ့ အမှတ်အသားကို ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မော်ရိုကိုနဲ့ ဆီနီဂေါတို့ရဲ့ပွဲစဉ်အတွက် CAF က ရလဒ်ပိုင်း ပြောင်းလဲသတ်မှတ်ခဲ့ပေမဲ့ အန်ဒီယာရီနဲ့ ဂူယီကတော့ အခုလိုမျိုး တုံ့ပြန်သွားခဲ့တာပါ။

ပွဲအပြီးမှာလည်း အန်ဒီယာရီက ကင်မရာဆီတည့်တည့်ကြည့်ပြီး "ကျွန်တော်တို့က အာဖရိကရဲ့ချန်ပီယံတွေပါ" လို့ ထပ်မံပြောကြားခဲ့ပါတယ်။