အာဆင်နယ်ကို နှစ်ဂိုးပြတ်အနိုင်ယူကာ ကာရာဘောင်ဖလားကို သိမ်းပိုက်သွားတဲ့ မန်စီးတီး
အာဆင်နယ် ၀ - ၂ မန်စီးတီး (ပဲွပြီးရလဒ်)
မန်စီးတီးအသင်းဟာ ဒုတိယပိုင်းအတွင်း အိုရိုင်လေသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးနှစ်ဂိုးနဲ့အတူ အာဆင်နယ်ကို အနိုင်ယူကာ ဒီနှစ်ရာသီ ကာရာဘောင်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
အဓိကခံစစ်မှူးတွေ ဒဏ်ရာရနေပေမဲ့ အကီနဲ့ ကူဆာနော့ဗ်တို့က အာဆင်နယ်တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ကာ အခွင့်အရေးမပေးရအောင် တားဆီးသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ကတော့ ဒုတိယပိုင်းအတွင်း ခံစစ်ပိတ်ကစားမှုကနေ အခွင့်အရေးတွေအကြိမ်ကြိမ်ပေးခဲ့ရပြီးနောက် နှစ်ဂိုးဆက်ခွင့်ပြုရကာ ဖလားတစ်လုံးလက်လွှတ်ခဲ့ရပါတယ်။