The network connection is lost.

Banner Image

မော်ရိုကို လက်ရွေးစင်အသင်းက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေအပေါ် လိုင်လီအသင်းရဲ့ လူငယ်ကြယ်ပွင့် အယူဘ် ဘူဒီ တုံ့ပြန်

လိုင်လီအသင်းရဲ့ ခြေစွမ်းပြ လူငယ်ကြယ်ပွင့်ကစားသမား အယူဘ် ဘူဒီက လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ သူ့ကို မော်ရိုကိုအသင်းက ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘူဒီဟာ ပြင်သစ် ဒါမှမဟုတ် မော်ရိုကို နှစ်နိုင်ငံစလုံးအတွက် ရွေးချယ်ကစားပေးပိုင်ခွင့်ရှိသူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်းမှာတော့ ပြင်သစ်လူငယ်အသင်းတွေမှာ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။

Foot Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ဟာ ဘူဒီကို မြောက်အာဖရိကနိုင်ငံဖြစ်တဲ့ မော်ရိုကိုအသင်းအတွက် ကိုယ်စားပြုကစားပေးဖို့ အတည်ပြုချက်ရယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲဒီသတင်းမှာပဲ ဘူဒီဟာ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်၊ သူ့ရဲ့မိသားစုဝင်တွေနဲ့ ဒီတစ်ပတ်အတွင်း အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မော်ရိုကိုအသင်းအတွက် ကစားပေးဖို့ နှုတ်ကတိပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘူဒီက Ligue 1 Plus နဲ့ အင်တာဗျူးမှာ "အခု နိုင်ငံတကာပွဲစဉ်တွေအတွက် လူစာရင်းကို စောင့်နေကြတာလား။ မော်ရိုကိုလား၊ ပြင်သစ်လားဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ရှေ့လျှောက် ဘာဖြစ်လာမလဲဆိုတာ ကြည့်ရတာပေါ့" လို့ ပြောကြားခဲ့ပါတယ်။