The network connection is lost.

Banner Image

မက်ဂင်းပြန်လာမှုကြောင့် အသင်းအတွက် အပြောင်းအလဲကောင်းတွေ ဖြစ်လာနိုင်တယ်လို့ ဘာကလေပြောကြား

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အဲ့ဒီပွဲစဉ်မှာ အကောင်းမြင်စရာ အချက်အလက်တချို့ကို အက်စတွန်ဗီလာကွင်းလယ်လူဘာကလေ တွေ့ရှိခဲ့ပါတယ်။

အက်စတွန်ဗီလာက ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၂ ပွဲအနက် ၃ ပွဲသာ အနိုင်ရရှိထားပါတယ်။

ဒါပေမဲ့ အိုးထရက်ဖို့ဒ်ပွဲစဉ်မှာ သွင်းဂိုးရရှိခဲ့တဲ့ ဘာကလေကတော့ "ဒီရလဒ်က ကျွန်တော်တို့ စီစဉ်ထားသလိုမျိုး မဟုတ်ခဲ့ပါဘူး။ ယူနိုက်တက်ကလည်း ခြေစွမ်းပိုင်း အကောင်းဆုံးဖြစ်နေတဲ့အသင်းကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လက်ရှိမှာ အရင်လိုအခြေအနေမျိုးမှာပဲ ရှိနေပါသေးတယ်" လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ရှေ့ဆက်သွားရမယ်၊ ဒီပွဲစဉ်မှတဆင့် သင်ခန်းစာယူပြီး ဆက်ပြီး ကြိုးစားသွားရပါမယ်။ အခုလို ခြေစွမ်းမျိုးဆက်မဖြစ်သွားအောင် ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ အရည်အချင်းရှိတဲ့ထိပ်တန်းကစားသမားတွေ အများကြီးရှိနေပါတယ်" လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ကိုယ်တိုင်လည်း အခြေခံအချက်တွေကို မှန်မှန်ကန်ကန်ပြန်လုပ်ဖို့၊ ကွင်းတွင်းမှာ ဆုံးဖြတ်ချက်တွေ ပိုကောင်းလာစေဖို့နဲ့ ပွဲကို ပိုပြီးကောင်းကောင်းထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
"အခုလည်း လေ့ကျင့်ရေးကွင်းမှာ အဲ့ဒီအချက်တွေကို ပြင်ဆင်နေသလို ပွဲတွေကိုလည်း ပြန်ပြီးခွဲခြမ်းစိတ်ဖြာလေ့လာနေပါတယ်။ မကောင်းတဲ့ရလဒ်တွေဆီမှလည်း သင်ခန်းစာယူနိုင်ဖို့ ကြိုးစားနေပါတယ်"

"ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ဂျွန်မက်ဂင်းလည်း ပြန်လာပြီဖြစ်လို့ အသင်းခြေစွမ်းပြန်ကောင်းလာဖို့ သူက သူက အဓိကနေရာမှ ကူညီပေးပါလိမ့်မယ်။ ဒဏ်ရာကြောင့်နားနေရတဲ့ အခြားကစားသမားတွေလည်း ပြန်လာပါဦးမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အကောင်းမြင်စိတ်နဲ့ပဲ ရှေ့ဆက်နေပါတယ်"

"နောက်ဆုံးရရှိခဲ့တဲ့ ရလဒ်တွေအပေါ် စိတ်ပျက်မိပေမဲ့ ကျွန်တော်အရင်က ပြောသလိုပဲ အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေလို့ ဒီလို အခြေအနေဆိုးမျိုး ဆက်ပြီးဖြစ်နေမှာ မဟုတ်ပါဘူး"

"ကျွန်တော်တို့ သင်ခန်းစာယူပြီး အရာအားလုံးကို ပြန်လည်ပြင်ဆင်ပြီးတော့ အရင်လို အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဘာကလေက ပြောကြားခဲ့ပါတယ်။