တူရကီမြေမှာ ရှုံးပွဲထပ်ကြုံပြီး ဒုတိယအကျော့အန်ဖီးလ်ကွင်းပွဲစဉ်မတိုင်ခင် ဖိအားဝင်သွားတဲ့ လီဗာပူး
ဂါလာတာစာရေး ၁-၀ လီဗာပူး (ပွဲပြီးရလဒ်)
အခုရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အဖြစ် အစ္စတန်ဘူလ်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး အခုပွဲစဉ်လိုပဲ တူညီတဲ့ရလဒ်နဲ့ လီဗာပူးတို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာလည်း လီမီနာရဲ့ပွဲချိန်အစောပိုင်းခေါင်းတိုက်သွင်းဂိုးကို ချေပနိုင်ဖို့ လီဗာပူးတို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိဘဲ အဝေးကွင်းအရှုံးရလဒ်နဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ပွဲချိန်တလျှောက်လုံးမှာလည်း အိမ်ရှင်ဂါလာတာစာရေးနဲ့ ဧည့်သည်လီဗာပူးတို့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားကာ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေကိုတော့ မမြင်တွေ့ခဲ့ရပါဘူး။