ဂိုးသမားရာမီရက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
ဥရောပတလွှားရှိကလပ်အသင်းအများစုရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ အီဇန်ရာမီရက်ဇ်ကို ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အနာဂတ်မှာလက်စွမ်းတက်လာဖို့ အများမျှော်လင့်ထားကြတဲ့ ဒီဂိုးသမားလေးက အသင်းနဲ့အတူ ၂၀၂၈ ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ရာမီရက်ဇ်က စပိန်လူငယ်လက်ရွေးစင်အသင်းတွေမှာ ပုံမှန်ပါဝင်ကစားနေသူဖြစ်ပြီး ဥရောပထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ ရာမီရက်ဇ်က ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိနေဖို့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီလူငယ်ဂိုးသမားလေးက ဆီဗီလာအသင်းမှာ ရှစ်နှစ်ကြာကျင်လည်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။