ရိုးမားနောက်ခံလူအန်ဒစ်ကာကိုခေါ်ယူဖို့ ဘာစီလိုနာ ချဉ်းကပ်လာ
ဘာစီလိုနာအသင်းက ရိုးမားနောက်ခံလူအန်ဒစ်ကာရဲ့ကိုယ်စားလှယ်တွေဆီ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အင်နီဂိုမာတီနက်ဇ်ရဲ့နေရာမှာအစားထိုးဖို့ ပျက်ကွက်ခဲ့ပြီးနောက် ဟန်ဆီဖလစ်ရဲ့အသင်းဟာ လာမယ့်နွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦးခေါ်ယူဖို့ ရှာဖွေနေတယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
Diario Sport ရဲ့ဖော်ပြချက်အရ ဘာစီလိုနာက အသက် ၂၆ နှစ်အရွယ် ရိုးမားနောက်ခံလူအန်ဒစ်ကာဆီ အာရုံစိုက်လာပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေထံ ချဉ်းကပ်မှုတွေစတင်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘာစီလိုနာက ရိုးမားနဲ့ တိုက်ရိုက်ဆက်သွယ်ထားခြင်းမရှိသေးဘဲ ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိဆိုတာကိုပဲ အရင်ဆုံးသိရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။