The network connection is lost.

Banner Image

လိဒ်ယူနိုက်တက်အတွက် ပထမဆုံးဂိုး သွင်းယူပေးနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်မိကြောင်းဖွင့်ဟလာတဲ့ ဂုဒ်မန်ဆန်

နော့ဝစ်ချ်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဂါဘရီရယ် ဂတ်မန်ဆန်က အရမ်းကို ဝမ်းသာမိကြောင်းဖွင့်ဟလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက လိဒ်စ်အသင်း ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ အဲဒီဂိုးဟာ အသင်းရဲ့ နောက်ခံလူ ဂတ်မန်ဆန်အတွက် လိဒ်စ်ယူနိုက်တက်မှာ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

"နောက်ဆုံးတော့ သွင်းနိုင်ခဲ့ပြီပေါ့ဗျာ" လို့ ပွဲအပြီးမှာ ဂတ်မန်ဆန်က ရယ်ရယ်မောမောနဲ့ ပြောကြားခဲ့ပါတယ်။ "အရင်ကစားခဲ့တဲ့ ပွဲတော်တော်များများမှာလည်း ဂိုးသွင်းဖို့ အခွင့်အရေးကောင်းတွေ ရခဲ့ဖူးပေမဲ့ အခုလို တကယ်သွင်းယူနိုင်ခဲ့လို့ တကယ်ကို ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။

"သိတဲ့အတိုင်းပဲ၊ အထူးသဖြင့် အယ်လန်ရုဒ် ကွင်းမှာ ဂိုးသွင်းရတာဟာ ထူးခြားတဲ့ ခံစားချက်တစ်ခုပါပဲ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ အသင်းနိုင်ပွဲရဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြတာပါ" လို့ သူက ဆက်ပြောပါတယ်။

"ဒန်နီရယ်ဂျိမ်းစ်က သူ့ဘက်ခြမ်းမှာ တကယ်ကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူ ဘောလုံးရပြီဆိုတာနဲ့ ဂိုးဧရိယာထဲကို ပြေးဝင်ရုံပဲ၊ သူက ဘောလုံးကို အရောက် ပို့ပေးမှာပဲလေ။ ကံကောင်းချင်တော့ ဘောလုံးက ကျွန်တော့်ဆီ ရောက်လာခဲ့လို့ ကျွန်တော်က ဂိုးထဲကို ပိတ်သွင်းလိုက်ရုံပါပဲ" လို့လည်း သူက ဆိုပါတယ်။

"ဒီနေ့အတွက် အရေးအကြီးဆုံးကတော့ အနိုင်ရဖို့ပါပဲ။ ဆန်းဒါးလန်းနဲ့ ကစားခဲ့တုန်းက အခြေအနေ သိပ်မကောင်းခဲ့တာကြောင့် အခုပွဲမှာ အကောင်းဆုံး ပြန်လာနိုင်ဖို့နဲ့ ကျွန်တော်တို့ အသင့်ရှိနေတယ်ဆိုတာကို ပရိသတ်တွေကို ပြသချင်ခဲ့တာပါ"

"နော့ဝစ်ချ်က အသင်းကောင်းတစ်သင်းပါ။ သူတို့က ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၃-၀ ဆိုတဲ့ ရလဒ်နဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာက တကယ့်ကို ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ မဲနှိုက်တာ ဘယ်လိုထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ကျွန်တော်တို့ကတော့ အသင့်ပါပဲ" လို့ ဂတ်မန်ဆန်က ပြောကြားခဲ့ပါတယ်။