The network connection is lost.

Banner Image

အကယ်ဒမီဝန်ထမ်းအင်အားဖြည့်တင်းဖို့ မန်စီးတီးက ဝန်ထမ်းတစ်ဦးကို ယူနိုက်တက်ထပ်မံခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်ချက်စတာစီးတီးအသင်းဆီကနေ နောက်ထပ် ဝန်ထမ်းတစ်ဦးကို ထပ်မံခေါ်ယူလိုက်ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ မန်စီးတီးက ဒါရန်ဟယူးစ်ကို သူတို့ရဲ့ အကယ်ဒမီ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲ အဖြစ် တာဝန်ယူဖို့ စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟယူးစ်ဟာ မန်စီးတီးမှာ နည်းပြပိုင်းဆိုင်ရာအကြီးအကဲအဖြစ် တာဝန်မယူခင်အထိ ၁၂ နှစ်ကြာအောင် ရာထူးအမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။

သူဟာ မန်စီးတီးမှာရှိစဉ်က ကိုးလ်ပါးလ်မား၊ အော်စကာဘော့ဘ်နဲ့ နီကိုအိုရိုင်လီတို့လို ကစားသမားတွေကို ပေါ်ထွက်လာအောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ဟယူးစ်ဟာ လီဗာပူးအကယ်ဒမီမှာလည်း ၇ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ကာတစ်ဂျုံးစ်၊ ဂျာရယ်ကွန်ဆာတို့နဲ့အတူ တွဲဖက်လုပ်ကိုင်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အသင်းကိုရောက်ရှိလာတဲ့ ယူနိုက်တက်အကယ်ဒမီဒါရိုက်တာ စတီဖင်တောပီ ကိုယ်တိုင် ဟယူးစ်ကို ခေါ်ယူဖို့ အဓိကတွန်းအားပေး လုပ်ဆောင်ခဲ့တာပါ။ တောပီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘရန့်ဖို့ဒ်အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။