နည်းပြတူဒေါရဲ့နေရာကို အံ့အားသင့်ဖွယ်အပြောင်းအလဲပြုလုပ်ဖို့ ဆွေးနွေးနေတဲ့ တော့တင်ဟမ်အသင်းဘုတ်အဖွဲ့
တော့တင်ဟမ်အသင်းတာဝန်ရှိသူတွေက ယာယီနည်းပြအီဂေါတူဒေါကို ရာထူးမှဖယ်ရှားဖို့ စဉ်းစားနေကြပါတယ်။
တူဒေါက တော့တင်ဟမ်ကို သုံးပွဲသာ ကိုင်တွယ်ထားရပေမဲ့ အဲ့ဒီပွဲစဉ်အားလုံး ရှုံးနိမ့်ခဲ့လို့ အခုဆိုရင် ပရီးမီးယားလိဂ်တန်းဆင်းဇုန်နဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
ခရိုအေးရှားလူမျိုးနည်းပြက သောမတ်ဖရန့်ခ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာသူဖြစ်ပေမဲ့ အသင်းရဲ့ရလဒ်တွေကိုတော့ အပြောင်းအလဲဖြစ်လာအောင် မလုပ်ဆောင်နိုင်သေးပါဘူး။
Mirror သတင်းဌာနရဲ့ လတ်တလောဖော်ပြချက်အရ အသင်းရဲ့ရလဒ်တွေ ဆိုးရွားစွာကျဆင်းနေပြီးနောက် တော့တင်ဟမ်အသင်းဘုတ်အဖွဲ့က နည်းပြအပြောင်းအလဲထပ်မံလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အခုလို နည်းပြအပြောင်းအလဲထပ်လုပ်ဖို့ ဝန်လေးနေပေမဲ့လည်း လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဒီလိုအပြောင်းအလဲကြီးတစ်ခုကို လုပ်သင့်၊ မလုပ်သင့်ဆိုတာနဲ့ပတ်သက်ပြီး အလေးအနက်ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
တော့တင်ဟမ်က ဘရိုက်တန်နည်းပြဟောင်းဒီဇာဘီကို လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆက်သွယ်စုံစမ်းနေတယ်လို့ သတင်းထွက်နေပေမဲ့ ဒါက ပရီးမီးယားလိဂ်မှာ မြောက်လန်ဒန်ကလပ်အသင်း ဆက်ရှိနေမှသာ ဖြစ်နို်ငခြေ ရှိလာပါလိမ့်မယ်။