The network connection is lost.

Banner Image

ဂျာမန်နောက်ခံလူကို စိတ်ဝင်စားမှုလျော့ကျသွားပြီးနောက် ကိုနာတေးဘက် မြှားဦးလှည့်လာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးနောက်ခံလူကိုနာတေးကိုခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားနေပြီး ဒေါ့မွန်ခံစစ်မှူးရှလော့တာဘတ်ချ်အပေါ် စိတ်ဝင်စားမှုလျော့နည်းသွားပြီလို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ကိုနာတေးက လီဗာပူးအသင်းနဲ့အတူ ဆက်ရှိနေဖို့အတွက် အနာဂတ်ကို အခုထိအတည်မပြုရသေးဘဲ အခုဘောလုံးရာသီကုန်၊ စာချုပ်သက်တမ်းပြည့်မြောက်ချိန် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ အလားအလာများနေပါတယ်။

BILD သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေးကုန်ကျစရာမလိုတဲ့အချက်ကြောင့် ပြင်သစ်နောက်ခံလူကို ပြန်လည်ပစ်မှတ်ထားလာပြီး ရှလော့တာဘတ်ချ်ကိုတော့ ထိပ်တန်းပစ်မှတ်စာရင်းမှာ မထည့်သွင်းထားတော့ဘူးလို့ သိရပါတယ်။

ဒေါ့မွန်အသင်းကလည်း ရှလော့တာဘတ်ချ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၄၀ ဝန်းကျင်အထိ တောင်းဆိုဖွယ်ရှိပြီး သူ့ကို ရီးရဲလ်မက်ဒရစ်ရဲ့ခါးသီးပြိုင်ဘက်ဘာစီလိုနာလည်း ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်က ဒဏ်ရာပြဿနာတွေ မကြာခဏကြုံတွေ့နေရတဲ့ သက်ကြီးပိုင်းခံစစ်အခြေအနေကို အကြီးစားပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေပြီး ဒီနွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦးခေါ်ယူဖို့ ရှာဖွေနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။