လန်ဒန်ဒါဘီနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ငါးမှတ်ဖြတ်ဦးဆောင်နေတဲ့ အာဆင်နယ်
အာဆင်နယ် ၂-၁ ချဲလ်ဆီး (ပွဲပြီးရလဒ်)
အခုအမ်းမရိတ်စ်ကွင်းပွဲစဉ်မှာ အမှတ်လိုအပ်ချက်ရှိနေတဲ့ အိမ်ရှင်အာဆင်နယ်ရော၊ ဧည့်သည်ချဲလ်ဆီးပါ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေက အလွတ်တည်ကန်ဘော(Set-Piece)အခြေအနေတွေမှတဆင့်ထွက်ပေါ်လာခဲ့ပြီး အိမ်ရှင်အာဆင်နယ်အတွက် ဆာလီဘာနဲ့ တင်ဘာ၊ ဧည့်သည်ချဲလ်ဆီးအတွက် ဟင်ကာပီ(O.G)တို့ သွင်းယူခဲ့ကြပါတယ်။ အခုအနိုင်ရလဒ်ကြောင့် အာတီတာရဲ့အသင်းက အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် တစ်ပွဲပိုကစား၊ ငါးမှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။