The network connection is lost.

Banner Image

ရလဒ်ကိုကျေနပ်ပေမဲ့ ပိုကောင်းအောင်ကြိုးစားဖို့ လိုအပ်နေသေးတယ်လို့ လီဗာပူးကွင်းလယ်လူမက်အယ်လစ္စတာပြော

မနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းကို ၅-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ အပြုသဘောဆောင်သောအားသာချက်တွေကို လီဗာပူးကွင်းလယ်ကစားသမားမက်အယ်လစ္စတာက ထောက်ပြပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးက မက်အယ်လစ္စတာ၊ ဟူဂိုအီကီတီကီ၊ ဗန်ဒိုက်၊ ဂတ်ပိုနဲ့ ဒီဆာစီ(O.G)တို့ရဲ့သွင်းဂိုးတွေနဲ့ ပြိုင်ပွဲစုံလေးပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

"ကျွန်တော်တို့တွေ အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်ခဲ့သင့်တယ်။ ပြိုင်ဘက်အသင်းလည်း အခွင့်အရေးတချို့ ရရှိခဲ့ပါတယ်" လို့ မက်အယ်လစ္စတာက BBC Sport ဆီ ပြောကြားခဲ့ပါတယ်။

"ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော် အကောင်းမြင်ဘက်ကပဲ ကြည့်ချင်ပါတယ်။ ငါးဂိုးတောင်သွင်းနိုင်ခဲ့တဲ့ အချက်က တကယ်ကို ကောင်းမွန်တဲ့အချက်ပါပဲ။"

"ကျွန်တော်တို့ တချို့အချက်တွေကို ပြုပြင်ဖို့ လိုအပ်နေသေးတယ်ဆိုတာ သိပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာပေါ့၊ တစ်ခါတလေကျရင် နေရာလွတ်တွေ အရမ်းကြီးမားနေတတ်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဘောလုံးပွဲစဉ်ရဲ့သဘောသဘာ၀ ဖြစ်ပါတယ်။"

"အကောင်းဆုံးအချက်ကတော့ ကျွန်တော်တို့ နိုင်ခဲ့တာပါပဲ။ အခုဆိုရင် အက်စတွန်ဗီလာ ဒါမှမဟုတ် ဇယားထိပ်မှာရှိတဲ့ အသင်းတွေနဲ့ အမှတ်ကွာဟချက် ပိုကျဉ်းမြောင်းသွားပါပြီ။ ရလဒ်အပေါ်မှာ ကျေနပ်သလို ဆက်ပြီးတော့လည်း တိုးတက်အောင် ကြိုးစားသွားရပါမယ်" လို့ ၎င်းက ဆိုပါတယ်။