The network connection is lost.

Banner Image

တစ်ယောက်လျော့ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ယူကာ တတိယနေရာကိုရောက်ရှိလာတဲ့ ယူနိုက်တက်

ယူနိုက်တက် ၂ - ၁ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)

ယူနိုက်တက်အသင်းဟာ ပထမပိုင်းအတွင် ကစားပုံမကောင်းခဲ့ဘဲ ရှုံးနိမ့်နေခဲ့ပေမဲ့ ဒုတိယပိုင်းအစမှာ ပင်နယ်တီရခဲ့သလို ခရစ္စတယ်ပဲလေ့စ်ကလည်းတစ်ယောက်လျော့သွားတာကြောင့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်က ပထမပိုင်းအတွင်းကစားပုံကောင်းခဲ့ပေမဲ့ ဒုတိယပိုင်းတစ်လျော့သွားခဲ့ပြီးနောက် ကစားအားကျသွားခဲ့ကာ ရှုံးပွဲကြုံခဲ့ရပါတယ်။

ယူနိုက်တက်ကတော့ ယနေ့ညနိုင်ပွဲကြောင့် အက်စတွန်ဗီလာကိုကျော်တက်ကာ အမှတ်ပေးဇယားအဆင့်၃နေရာကိုရောက်ရှိလာခဲ့ပါတယ်။