The network connection is lost.

Banner Image

မာတီတာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင်လည်းမသိဘူးလို့ ဂလက်စ်နာ ဝန်ခံ

ဒီနွေရာသီမှာ ဂျင်းဖိလစ် မာတေတာနဲ့ ပတ်သက်ပြီး အသင်းစီမံခန့်ခွဲမှုပိုင်းရဲ့ အစီအစဉ်တွေက ဘာလဲဆိုတာကို သူကိုယ်တိုင်လည်း မသိရှိသေးဘူးလို့ ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စနာက ဝန်ခံပြောကြားလိုက်ပါတယ်။

မာတေတာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၁၈ လအောက်သာ ကျန်ရှိတော့ပေမဲ့လည်း ရာသီပိတ်ကာလမှာ ပဲလေ့စ်အသင်းက အဆိုပါပြင်သစ်တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ ကြိုးစားမလားဆိုတာကတော့ ဘာမှအတည်မပြုနိုင်သေးပါဘူး။

ဂလက်စနာက Sky Sports ကို အခုလို ပြောပါတယ်။ "ကျွန်တော်လည်း မသိပါဘူး၊ အဲဒီအတွက် အဖြေလည်း မရှိသေးပါဘူး။ ခင်ဗျားပြောသလိုပဲ ဘောလုံးလောကမှာ အရာအားလုံးက အရမ်းမြန်မြန်ဆန်ဆန် ပြောင်းလဲတတ်ပါတယ်။ ပိုပြီးတော့တောင် မြန်လာသလိုပဲ။ ဒီနွေရာသီမှာ သူ စာချုပ်သက်တမ်းတိုးရင်လည်း တိုးနိုင်ပါတယ်၊ ဒါကိုတော့ ကျွန်တော် မသိပါဘူး။"

"သူ့အတွက် ကျွန်တော် မျှော်လင့်တာကတော့ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကစားခွင့်ရဖို့နဲ့ ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရလာဖို့ပါပဲ။ အခုတော့ သူ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ရာနှုန်းပြည့်တော့ မဟုတ်သေးပေမဲ့ တဖြည်းဖြည်းနဲ့ အခြေအနေကောင်းလာနေပါပြီ။ အဲဒီနောက် နွေရာသီမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး" လို့ ၎င်းက ဆိုပါတယ်။