The network connection is lost.

Banner Image

ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လီဗာပူးအသင်းပယ်ချ

လီဗာပူးအသင်းက ကွင်းလယ်ကစားသမားကာတစ်ဂျုံးစ်အတွက် အင်တာမီလန်အသင်းရဲ့ ဒုတိယမြောက်တရားဝင်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး စီးရီးအေကလပ်အသင်းကလည်း အန်ဖီးလ်အကယ်ဒမီထွက်ကစားသမားကိုခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းက ယူရို ၂၅ သန်းဝန်းကျင် တန်ကြေးရှိ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမဲ့ လီဗာပူးအသင်းရဲ့ ချက်ချင်းဆိုသလိုပယ်ချမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါက အသက်-၂၅ နှစ်အရွယ်ကစားသမားကို အခုနွေရာသီမှာခေါ်ယူဖို့ အီတလီကလပ်အသင်းရဲ့ ဒုတိယအကြိမ်ကြိုးပမ်းမှုဖြစ်ပြီး ကမ်းလှမ်းမှုပမာဏအပိုင်းမှာတော့ လီဗာပူးသတ်မှတ်ထားတဲ့ တန်ဖိုးထက် အတော်လေးလျော့နည်းနေပါတယ်။

စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာနေတဲ့ ကာတစ်ဂျုံးစ်အတွက် လီဗာပူးအသင်းဘက်က ပေါင် ၃၅ သန်းဝန်းကျင် တန်ကြေးသတ်မှတ်ထားပြီး အင်တာမီလန်အသင်းရဲ့ကမ်းလှမ်းမှုတွေ သိသိာသာသာမတိုးမြှင့်လာဘူးဆိုရင် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အလားအလာမရှိဘူးလို့ ကလပ်အသင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက လျှော့ဈေးနဲ့ရောင်းချမယ့်အစား လာမယ့်နှစ်မှာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမယ့်အခြေအနေမျိုးအထိ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။

လီဗာပူးအသင်းက သူတို့ရဲ့သဘောထားကို အတည်ပြုနိုင်ဖို့အတွက် လတ်တလောပရီးမီးယားလိဂ်အပြောင်းအရွှေ့တွေကို စံနှုန်းတစ်ခုအဖြစ် အသုံးပြုနေပြီး အင်တာအသင်းကတော့ သူတို့ရဲ့စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် ရန်ပုံငွေရရှိမယ့် နည်းလမ်းသစ်တွေကို ရှာဖွေနေတယ်လို့ သတင်းတွေအရ သိရပါတယ်။