The network connection is lost.

Banner Image

အိုလံပီယာကို့စ်နဲ့ပွဲစဉ်မှာ လေဗာကူဆင်အတွက် ပါဝင်ကစားပေးဖို့ မသေချာသေးတဲ့ တီလ်မန်း

လေဗာကူဆင်က အိုလံပီယာကို့စ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မှာ မာလစ်တီလ်မန်းတီလ်မန်းကို လက်လွှတ်ရဖွယ်ရှိပါတယ်။

လာမယ့်အင်္ဂါနေ့၊ BayArena ကွင်းမှာ အိုလံပီယာကို့စ်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် တီလ်မန်းရဲ့ ကြံ့ခိုင်မှုပိုင်းအတွက် လေဗာကူဆင်အသင်း စိုးရိမ်ပူပန်နေပါတယ်။

အမေရိကန်လက်ရွေးစင်ကစားသမားတီလ်မန်းဟာ ယူနီယံဘာလင်ကို ၁ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တဲ့စနေနေ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် အခုပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေပါတယ်။

"မနက်ဖြန်မှာတော့ အပေါ့စားလေ့ကျင့်ခန်းအစီအစဉ်နဲ့ ဆေးစစ်မှုတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ တီလ်မန်းအတွက်တော့ ကွင်တွင်းဝင်ကစားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်" လို့ လေဗာကူဆင်နည်းပြဟုဂျ်မန်းက တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "အပြီးသတ်ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး၊ ဒါပေမဲ့ အခြေအနေက သိပ်မကောင်းလှဘူး။ မနက်ဖြန်ကျမှပဲ အတည်ပြုချက် ချမှတ်သွားရပါမယ်" လို့လည်း ဆိုပါတယ်။

လေဗာကူဆင်က ပထမအကျော့ဂရိမြေပွဲစဉ်မှာ အိုလံပီယာကို့စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ အင်္ဂါနေ့ပွဲစဉ်အတွက် အသာစီးရရှိထားပါတယ်။