The network connection is lost.

Banner Image

မာစတန်တူအိုနိုကို ရီးယဲလ်မက်ဒရစ် ဖျက်ဆီးနေတယ်လို့ ဝေဖန်လိုက်တဲ့ ရေးဗားပလိတ်ဂန္ထဝင်အလွန်ဆို

ရေးဗားပလိတ်ဂန္ထဝင်ကစားသမားနော်ဘတ်တိုအလွန်ဆိုက မာစတန်တူအိုနိုအပေါ် ရီးယဲလ်မက်ဒရစ်အသင်းဆက်ဆံကိုင်တွယ်ပုံတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါတယ်။

ရေးဗားပလိတ်ကွင်းလယ်ကြယ်ပွင့်ဟောင်းက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပေမဲ့ အသင်းရဲ့ကွင်းလယ်မှာ နေရာရဖို့အတွက် အတော်လေးရုန်းကန်နေရပါတယ်။

အလွန်ဆိုကတော့ မာစတန်တူအိုနို ပုံမှန်ကစားခွင့်မရရှိခြင်းကို ကစားသမားဘဝအရှိန်မရခင် ထိခိုက်ပျက်စီးသွားနိုင်တဲ့အန္တရာယ်လို့ ယူဆနေပါတယ်။ နည်းပြအာဘီလိုအာရဲ့ လက်အောက်မှာ ဒီလူငယ်ကစားသမားလေးက ဗလင်စီယာနဲ့ပွဲစဉ်၊ ပွဲချိန် ၈၂ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် ကွင်းတွင်းမှ လုံးဝကို ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ရီးယဲလ်ဆိုစီဒက်နဲ့ပွဲစဉ်၊ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြင် နောက်ဆုံးကစားခဲ့တဲ့အိုဆာဆူနာနဲ့ပွဲစဉ်မှာပါ မာစတန်တူအိုနို ပွဲကစားချိန် မရရှိခဲ့ပါဘူး။။

ဖီဒီရူဘီရဲ့ YouTube ချန်နယ်မှာ အလွန်ဆိုက "သူတို့က ဒီကောင်လေးကို ဖျက်ဆီးနေကြတာပါ။ ဘာကြောင့်လဲ သိလား။ ကျွန်တော့်ကတော့ အဲ့ဒီကောင်လေးကို အောက်တန်းလိဂ်အသင်းတစ်ခုခုဆီမှာပဲ လမ်းဆုံးသွားမယ်လို့ ထင်မိပါတယ်။ အဲ့ဒီနောက်မှ သူက ရီးယဲလ်မက်ဒရစ်ဆီ ပြန်လာနိုင်ရင် လာနိုင်မှာပေါ့၊ ဒါပေမဲ့ အရင်ဆုံး သူက ရီးယဲလ်မက်ဒရစ်မှာကစားဖို့ ဘယ်လောက်အထိ အရည်အချင်းရှိတယ်ဆိုတာသက်သေပြရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။