The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ် ယူနိုက်တက်ကို ပြန်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ မိုက်ကယ်ကာရစ် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းဆီ ပြန်လာဖို့ဆိုတာ အခုအချိန်မှာ မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး အဲဒီစာချုပ်ထဲမှာ ယူရို ၃၀ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် အချက်လည်း ပါဝင်နေပါတယ်။

အကယ်၍ ကာရစ်သာ အသင်းကို ရေရှည်ကိုင်တွယ်ခွင့်ရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ဆီ ပြန်ခေါ်ချင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ဒါပေမဲ့ ဒီညကစားမယ့် အဲဗာတန်နဲ့ပွဲမတိုင်ခင်မှာတော့ ကာရစ်က "ဒါက ပြောရခက်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် မပါဝင်ပတ်သက်ခဲ့တဲ့ အခြေအနေတွေ အများကြီးရှိခဲ့လို့ပါ" လို့ ဆိုခဲ့ပါတယ်။

"ကျွန်တော့်အနေနဲ့ မှတ်ချက်ပေးဖို့ တကယ်ကို ခက်ခဲပါတယ်။ သူဟာ အကယ်ဒမီကနေ တက်လာပြီး အသင်းအပေါ် အများကြီး လွှမ်းမိုးမှုရှိခဲ့တာက ကောင်းမွန်တဲ့အချက်ပါ၊ အသင်းအတွက် သူဟာ အမှတ်တရကောင်းတွေနဲ့ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့သူပါ"

"အတိတ်မှာ ကျွန်တော်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာက အပြောင်းအလဲတွေ အမြဲရှိတတ်သလို ကစားသမားတွေရဲ့ အခြေအနေကလည်း တစ်မျိုးပြီးတစ်မျိုး ဖြစ်နေတာပါပဲ။ အသင်းမှာ ထာဝရရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ အရာရာက ဖြစ်ပျက်နေကျအတိုင်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။