The network connection is lost.

Banner Image

မက်ဂွါရီကို စာချုပ်သစ်ချုပ်ဆိုပေးဖို့ ယူနိုက်တက်အသင်းဖော်တွေ လိုလားနေ

မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ အသင်းဖော်ကစားသမား ဟယ်ရီမက်ဂွါရီကို စာချုပ်သစ် ချုပ်ဆိုပေးစေချင်နေကြပါတယ်။ ဝါရင့်နောက်ခံလူ မက်ဂွါရီရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ ကွင်းတွင်းကွင်းပြင်မှာ သူ့ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ခေါင်းဆောင်နိုင်မှုတွေကြောင့် အသင်းဖော်တွေက သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တာပါ။

The Sun သတင်းဌာနကို သတင်းရင်းမြစ်တစ်ခုက "မက်ဂွါရီကို စာချုပ်သစ် မကမ်းလှမ်းဘူးဆိုရင် ဒါဟာ တကယ့်ကို ရူးသွပ်ရာကျလိမ့်မယ်လို့ ကစားသမားတွေက ထင်မြင်နေကြပါတယ်။ ဟယ်ရီဟာ ယူနိုက်တက်မှာ အတက်အကျ အနိမ့်အမြင့်တွေ အများကြီး ကြုံတွေ့ခဲ့ရပေမဲ့ အဲဒါတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီး အခုဆိုရင် တကယ်ကို ကောင်းကောင်း ကစားနေပါတယ်""သူဟာ အဝတ်လဲခန်းထဲမှာလည်း လေးစားမှု အပြည့်အဝ ရရှိထားသူဖြစ်သလို အေဒန်ဟေဗင်နဲ့ လန်နီယိုရိုတို့လို လူငယ်ကစားသမားလေးတွေကိုလည်း သူ့ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ဝေမျှပေးနေပါတယ်။ အားလုံးက သူ့ကို ချစ်ခင်လေးစားကြသလို ကစားသမား အများစုကလည်း ကလပ်အသင်းအနေနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုပေးစေချင်နေကြတာပါ" လို့ ပြောကြားခဲ့ပါတယ်။