The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်နောက်တန်းကြယ်ပွင့်ကို ဖာဒီနန် ချီးကျူး

ဝက်စ်ဟမ်းနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အသင်းအတွက် အားကိုးရတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ နောက်ခံလူလန်နီယိုရိုကို မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ရီယိုဖာဒီနန်က ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

နည်းပြ ကာရစ် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၄ ပွဲမှာ မန်စီးတီး၊ အာဆင်နယ်၊ ဖူဟမ်းနဲ့ စပါးတို့ကို ဆက်တိုက်အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ လန်ဒန်ကွင်းကို ယုံကြည်မှုအပြည့်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့ညက ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ကစားကွက် ပိတ်ဆို့ထားပြီး ဧည့်သည်အသင်းကို အခွင့်အရေးမပေးဘဲ တောင့်တောင့်တင်းတင်း တုံ့ပြန်ခဲ့တဲ့ အိမ်ရှင်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမရခဲ့ဘဲ ငြိမ်သက်နေခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းက တိုမတ်စ်ဆူချက်ရဲ့ ဂိုးနဲ့ ယူနိုက်တက်ကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမဲ့ လူစားဝင်လာတဲ့ ဘင်ဂျမင် ဆက်စ်ကိုကပဲ ပွဲပြီးခါနီး ၉၆ မိနစ်မှာ ချေပဂိုးသွင်းယူပြီး အသင်းကို ရှုံးပွဲကနေ ကယ်တင်ပေးခဲ့ပြန်ပါတယ်။

တိုက်စစ်မှူး ဆက်စ်ကိုက သူ့ရဲ့ အရေးပါတဲ့ ဂိုးကြောင့် ချီးကျူးခံနေရချိန်မှာ ဖာဒီနန်ကတော့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ယိုရိုရဲ့ ကြိုးစားအားထုတ်မှုကို ပိုပြီး အာရုံစိုက်ခဲ့ပါတယ်။ ဒုတိယပိုင်း လူစားဝင်လာပြီးနောက်မှာ အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့ ယိုရိုရဲ့ ခြေစွမ်းကို ဖာဒီနန်က အလွန်သဘောကျနေတာပါ။

"လနီယိုရိုကိုလည်း အထူးချီးကျူးချင်ပါတယ်၊ ဝက်စ်ဟမ်းဘက်က ဒုတိယဂိုး မရသွားအောင် တကယ့်ကို အရေးကြီးတဲ့ တားဆီးမှုနှစ်ကြိမ် (Blocks) လုပ်ပြနိုင်ခဲ့တာပါ" လို့ ဖာဒီနန်က သူရဲ့ X အကောင့်မှာ ရေးသားခဲ့ပါတယ်။ နည်းပြ ကာရစ်ကလည်း လူစားဝင်လာပြီး အသင်းအတွက် ထူးခြားမှုတွေ ဖန်တီးပေးခဲ့တဲ့ လူငယ်ကစားသမားလေးကို ချီးကျူးခဲ့ပြီး ဖာဒီနန်ရဲ့ အမြင်ကို ထောက်ခံခဲ့ပါတယ်။

"ဒီနေ့ည အရေးကြီးတဲ့ အချိန်တွေမှာ ယိုရို လူစားဝင်လာပြီး ကျွန်တော်တို့အသင်းအတွက် တကယ့်ကို ထူးခြားမှုတွေ ဖန်တီးပေးခဲ့ပါတယ်" လို့ အသက် ၄၄ နှစ်အရွယ် နည်းပြ ကာရစ်က Sky Sports ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဟာ နောက်အပတ်တွေမှာ နောက်ခံလူ ဒီလစ်ကိုလည်း အသင်းဆီ ပြန်လည်ကြိုဆိုနိုင်ဖို့ မျှော်လင့်နေတာကြောင့် ဒါဟာ ကစားသမား ရွေးချယ်မှုအပိုင်းမှာ ခေါင်းခဲစရာ ဖြစ်လာနိုင်ပေမဲ့ အသင်းအတွက်တော့ အကောင်းဘက်က ခေါင်းခဲရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။