The network connection is lost.

Banner Image

ဘုန်းမောက်နောက်ခံလူ ဆီနီဆီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာတဲ့ ဒေါ့မွန်

ဘုန်းမောက်အသင်းရဲ့ နောက်ခံလူ မားကို့စ် ဆီနီဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ အသင်းတွေထဲမှာ ဘိုရူးရှား ဒေါ့မွန်အသင်းလည်း ပါဝင်လာပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဆီနီဆီဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေက သူ့ကို အပြိုင်အဆိုင် ခေါ်ယူချင်နေကြတာပါ။

အပြောင်းအရွှေ့သတင်းတွေရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆီနီဆီကို ခေါ်ယူဖို့အတွက် စတင်စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းဟာ အငှားနဲ့ လာရောက်ကစားနေတဲ့ အာရွန် အန်ဆယ်မီနို (ချဲလ်ဆီး) ကို အင်္ဂလန်သို့ ပြန်လွှတ်ပေးခဲ့ရသလို၊ အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ အမ်မရီချန်နဲ့ နစ်ကလပ်စ် ဆူလီတို့ရဲ့ စာချုပ်တွေကလည်း သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒေါ့မွန်အသင်းမှာ ဖိလစ်ပို မာနေး နဲ့ လူကာ ရက်ဂီယာနီ တို့လို အလားအလာရှိတဲ့ လူငယ်ကစားသမားတွေက ပထမအသင်းမှာ နေရာရဖို့ ကြိုးစားနေကြပေမဲ့ လာမယ့်နွေရာသီမှာတော့ အသင်းကို အင်အားဖြည့်တင်းဖို့ တကယ်ကို လိုအပ်နေတာပါ။

တကယ်တော့ အဆိုပါ လူငယ်ကစားသမား နှစ်ဦးစလုံးဟာ ဒေါ့မွန်အသင်းရဲ့ အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားလာရလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။