The network connection is lost.

Banner Image

ဟော့ဖန်ဟိမ်းမှ ထွက်ခွာရဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေကို ရှစ်ချ်ကာ ပြင်းပြင်းထန်ထန်ဝေဖန်

ဟော့ဖန်ဟိမ်းအသင်းရဲ့ အားကစားဆိုင်ရာစီမံခန့်ခွဲမှုဒါရိုက်တာအန်ဒရီးယပ်စ်ရှစ်ချ်ကာက ရာထူးမှ နုတ်ထွက်ရတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ပွင့်ပွင့်လင်းလင်းတုံ့ပြန်လာပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ ဒေတာကာကွယ်ရေးဆိုင်ရာစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရှစ်ချ်ကာ အသင်းမှထွက်ခွာရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ အသင်းရဲ့ယာယီအမှုဆောင်အရာရှိချုပ် ခရစ္စတိုဖာဟန်းစလာက ပရိသတ်တွေရဲ့အပြင်းအထန်ကန့်ကွက်မှုကြောင့် ရှစ်ချ်ကာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားနေတယ်လို့ သိရပါတယ်။
ယမန်နေ့၊ ဘိုင်ယန်မြူးနစ်ကို ၅-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မတို်ငခင် DAZN နဲ့ အင်တာဗျူးမှာ ရှစ်ချ်ကာက လက်ရှိအခြေအနေတွေကို ကိုယ်တိုင် ရှင်းလင်းခဲ့ပါတယ်။

အခုလို အခြေအနေတွေ ဖြစ်ပွားနေတာဟာ အလွန်စိတ်ပျက်ဖို့ ကောင်းသလို နားမလည်နိုင်အောင်လည်း ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။ "ဒီအပတ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက ကျွန်တော်ကိုယ်တိုင်တောင် နားမလည်နိုင်လောက်အောင်ပါပဲ။ ဩစတြီးယားမှာဆိုရင်တော့ ဒါကို 'ရုပ်သေးပြဇာတ်' လို့ ခေါ်ကြပါလိမ့်မယ်" လို့ ရှစ်ကာက ပြောကြားခဲ့ပါတယ်။

၎င်းအနေနဲ့ အသင်းမှာ ဆက်ရှိနေလိုပြီး အခုသီတင်းပတ်အတွင်း စပွန်ဆာတွေနဲ့ ဝန်ထမ်းတွေရဲ့ အားပေးထောက်ခံမှုတွေ အများကြီး ရရှိခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ လာမယ့်တနင်္လာနေ့မှာ သိရပါလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

ရှစ်ချ်ကာက ဟော့ဖန်ဟိမ်းကို တာဝန်ယူကိုင်တွယ်ပြီးနောက်ပိုင်း တန်းဆင်းဇုန်အန္တရာယ်ရင်ဆိုင်နေရတဲ့အဆင့်မှ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားတတိယနေရာအထိ ရောက်ရှိအောင် ဦးဆောင်ကူညီပေးထားပါတယ်။