The network connection is lost.

Banner Image

လီဗာပူးကွင်းလယ်လူဟောင်းတိုင်လာမော်တန်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများစိတ်ဝင်စားနေ

ပြီးခဲ့တဲ့နွေရာသီ၊ လီဗာပူးမှ လိုင်ယွန်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမားတိုင်လာမော်တန်ကို ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အသက် ၂၃ နှစ်အရွယ်ကွင်းလယ်ကစားသမားက လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၂၉ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၂ ဂိုးသွင်းယူကာ အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေပါတယ်။

CaughtOffside သတင်းဌာနရဲ့ဖော်ပြချက်အရ အခုအချိန်မှာ လီဗာပူးကွင်းလယ်လူဟောင်းကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။လတ်တလောမှာတော့ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့က မော်တန်ရဲ့ ခြေစွမ်းနဲ့ တိုးတက်မှုတို့ကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဒါပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ လိုင်ယွန်မှထွက်ခွာဖို့ အတင်းအကျပ်ကြိုးစားနေခြင်းမရှိဘဲ လက်ရှိအခြေအနေကို ကျေနပ်နေပြီး ထိပ်တန်းအဆင့်မှာ ခြေစွမ်းပြသခွင့်ပေးထားတဲ့ ပြင်သစ်ကလပ်အသင်းမှာပဲ အလွန်ပျော်ရွှင်နေတယ်လို့လည်း သိရှိရပါတယ်။