The network connection is lost.

Banner Image

မာဆေးလ်မှာ ဒီဇာဘီနဲ့လက်တွဲနို်ငဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တဲ့ ဆာဂျီယိုရာမို့စ်

ရီးယဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူဆာဂျီယိုရာမို့စ်က ဒီဇာဘီကိုင်တွယ်နေတဲ့ မာဆေးလ်အသင်းဆီ ပြောင်းရွှေ့နို်ငဖို့အတွက် သူကိုယ်တိုင်ကမ်းလှမ်းလာခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက်-၃၉ နှစ်အရွယ်ရှိ ဝါရင့်ခံစစ်မှူးက ပြီးခဲ့တဲ့တဲ့ဒီဇင်ဘာလအတွင်း မက္ကဆီကိုကလပ်မွန်တာရေးနဲ့ လမ်းခွဲခဲ့ပြီးနောက် အခုအချိန်မှာ အသင်းလက်မဲ့ကစားသမား ဖြစ်နေပါတယ်။ သူက မက္ကဆီကိုမြေမှာ တစ်နှစ်ပြည့်အောင်တောင် မကစားခဲ့ပါဘူး။

ရာမို့စ်ကိုယ်တိုင်လည်း ဥရောပဘောလုံးလောကဆီ ပြန်လာပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့အထိ မျှော်လင့်ချက်ရှိနေပုံ ရပါတယ်။

Radio Marca ရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ သူ့ရဲ့ကလပ်အသင်းဟောင်း ဆီဗီလာအသင်းဆီပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ အခုအခါမှာတော့ အဆိုပါလာလီဂါကလပ်ကို ကစားသမားအဖြစ်မဟုတ်ဘဲ အသင်းပိုင်ရှင်အဖြစ်သာ ပြန်လာဖို့ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရာမို့စ်က ကလပ်အသင်းသစ်ရှာဖွေမှုအဖြစ် ပြင်သစ်အခြေစိုက်မာဆေးလ်ဆီ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လီဂူးဝမ်းကလပ်အသင်းဘက်ကတော့ လတ်တလောအခြေအနေတွေအရ ဝါရင့်နောက်ခံလူကြီးကို ခေါ်ယူဖို့အတွက် စိတ်မဝင်စားသေးဘူးလို့ သိရပါတယ်။