The network connection is lost.

Banner Image

အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို အူစမန်ဒမ်ဘီလီ ပယ်ချပြီး ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်

ပီအက်စ်ဂျီတိုက်စစ်မှူး အူစမန်ဒမ်ဘီလီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ သတင်းထောက် Sacha Tavolieri ရဲ့ အဆိုအရ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ဥရောပချန်ပီယံအသင်းမှာပဲ ဆက်နေချင်တဲ့ သူ့ရဲ့ဆန္ဒကို ကလပ်အသင်းဆီ အသိပေးခဲ့တယ်လို့ သိရပါတယ်။ အယ်လ်ဟီလယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းက ခရစ္စင်စီယို ဆမ်မာဗေးလ်ကို ယူရို ၆၅ သန်းဝန်းကျင်နဲ့ ခေါ်ယူပြီးနောက်မှာ ၂၀၂၅ ဘလွန်းဒီအောဆုရှင်ကို ထပ်မံခေါ်ယူပြီး အားလုံးကို အံ့အားသင့်အောင် လုပ်ဆောင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါ့အပြင် ဆော်ဒီကလပ်ဟာ အဲဗာတန်တိုက်စစ်မှူး အီလီမန် အန်ဒီယွန်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ပါရီမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတာပါ။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကလည်း ပွဲပေါင်း ၄၀ မှာ ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ကာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့အတွက်လည်း အဓိကနေရာကနေ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။