အန်ဖီးလ်မှာ သုံးမှတ်အပြည့်မရယူနိုင်တဲ့ လီဗာပူး
လီဗာပူး ၁-၁ ဘန်လေ (ပွဲပြီးရလဒ်)
လီဗာပူးက အိမ်ကွင်းအန်ဖီးလ်မှာ တန်းဆင်းဇုန်အတွင်းရုန်းကန်နေရတဲ့ဘန်လေကို ဧည့်ခံကစားရပေမယ့် အမှတ်ပြည့်မရယူနိုင်ခဲ့ပါဘူး။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဆိုဘိုဆလိုင်းရဲ့ပယ်နယ်တီကန်ချက် ဂိုးတိုင်ထိခဲ့ပေမယ့် ဖလော်ရီယန်ဝစ်ဇ်ရဲ့သွင်းဂိုးနဲ့အတူ လီဗာပူးတို့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အိမ်ရှင်တွေရဲ့ကစားအားအနည်းငယ်ကျဆင်းသွားမှုကို အခွင့်ကောင်းယူပြီး အက်ဒ်ဝက်စ်က ဧည့်သည်ဘန်လေအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူး၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာတိုက်ပွဲ ပြင်းထန်လာပါတယ်။