စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းနိုင်ပွဲနဲ့အတူ ဖိုင်နယ်တက်ဖို့အခြေအနေကောင်းသွားတဲ့ မန်စီးတီး
နယူးကာဆယ် ဝ-၂ မန်စီးတီး (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံတဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့)ပွဲစဉ်က အကြိတ်အနယ်ရှိရှိယှဉ်ပြိုင်ကစားမှုနဲ့အတူ စိတ်လှုပ်ရှားစရာပွဲကြီးပွဲကောင်း ဖြစ်လာပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးတွေကို ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ဒိုကူနဲ့ ချာကီက ဧည့်သည်တွေအတွက် သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဒိုကူရဲ့ဒုတိယမြောက်သွင်းဂိုးကို ဟာလန်းလူကျွံနေတယ်ဆိုတဲ့စွဲချက်ဖြင့် ပယ်ဖျက်ခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကလည်း ဘောလုံးပရိသတ်တွေအပြင် အစီအစဉ်တင်ဆက်သူတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးရဲ့ကာရာဘောင်ဖလားဖိုင်နယ်တက်ရောက်နိုင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။