The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲက ခက်ခဲမယ်ဆိုတာ ကြိုသိနေ‌ကြောင်း ပြောကြားလာတဲ့ ဘိုဂျန်

ချန်ပီယံလိဂ်ပြိုင်ဘက် နယူးကာဆယ်အသင်းကို လျှော့တွက်ထားတာမျိုး လုံးဝမရှိဘူးလို့ ဘာစီလိုနာဒါရိုက်တာ ဘိုဂျန်ကရကစ်က ပြောကြားလိုက်ပါတယ်။ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဘာစီလိုနာဟာ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

"ဒါဟာ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ပွဲတိုင်းကတော့ အဆင့်အတန်းမြင့်တဲ့ ပွဲစဉ်တွေချည်းပါပဲ" လို့ ဘိုဂျန်က Sky Sports ကို ပြောပါတယ်။ "အထူးသဖြင့် အင်္ဂလန်မြေမှာ ကစားရမှာဖြစ်လို့ ပိုခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ကိုယ်ပိုင်ဟန်အတိုင်း အမြဲရှိနေဖို့ပါပဲ။ အဲဒီပွဲကို ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ပြီး သွားနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်" လို့ သူက ဆိုပါတယ်။

နယူးကာဆယ်ပရိသတ်တွေအနေနဲ့ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် လာမင်းယာမယ်လ်ရဲ့ ခြေစွမ်းကို အနီးကပ် မြင်တွေ့ခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။ ဘိုဂျန်က "သူဟာ အဆင့်အတန်းမြင့်မြင့်နဲ့ တိုးတက်လာနေတဲ့ ကစားသမားတစ်ယောက်ပါ။ ကြိုးစားအားထုတ်ရတာကို သဘောကျပြီး အသင်းဖော်တွေကိုလည်း ကူညီတတ်တဲ့ လူငယ်ကောင်းလေး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက အောင်ပွဲတွေကို ဆာလောင်နေသူဖြစ်လို့ သူ့ကို ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။