The network connection is lost.

Banner Image

နယူးကာဆယ်ရဲ့ပစ်မှတ် ဖာဂီအိုလီကို စိတ်ဝင်စားမှုပြသလာတဲ့ တော့တင်ဟမ်

ဖီအိုရင်တီးနားကွင်းလယ်လူဖာဂီအိုလီက ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

ဖာဂီအိုလီကာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်စ်မှ ဖီအိုရင်တီးနားဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဖာဂီအိုလီကိုခေါ်ယူဖို့ ကနဦးဆက်သွယ်မှုတွေ တော့တင်ဟမ်အသင်း စတင်လုပ်ဆောင်နေပြီလို့ TMW သတင်းဌာနမှ ဖော်ပြထားပါတယ်။

လတ်တလောမှာ တော့တင်ဟမ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေပိုင်းမှာ ရုန်းကန်နေရပြီး တန်းမဆင်းရဖို့ ကြိုးစားနေပေမဲ့ အသင်းအကြီးအကဲတွေကတော့ လာမယ့်ဘောလုံးရာသီအတွက် စီမံကိန်းတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။

ဒါပေမဲ့ ဖာဂီအိုလီကိုခေါ်ယူဖို့ ကြိုးစားနေတာ တော့တင်ဟမ်အသင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။ တော့တင်ဟမ်ရဲ့လိဂ်တူပြိုင်ဘက် နယူးကာဆယ်ကလည်း အသက် ၂၅ နှစ်အရွယ်ကွင်းလယ်လူရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဖာဂီအိုလီက ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် လူသိများပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ဗဟိုကွင်းလယ်လူအဖြစ် နေရာပြောင်းလဲကစားလာသူ ဖြစ်ပါတယ်။

သူရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်၊ နွေရာသီကာလအထိ ရှိနေပါတယ်။