The network connection is lost.

Banner Image

ဆဲလ်ဟတ်ပတ်ခ်မှာ အဖိုးတန်သုံးမှတ်ရှာဖွေနိုင်ခဲ့တဲ့ တော့တင်ဟမ်

ခရစ္စတယ်ပဲလေ့စ် ဝ-၁ တော့တင်ဟမ် (ပွဲပြီးရလဒ်)

အခုလန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်က ပွဲချိန်တလျှောက်လုံး ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပေမယ့် ဒန်ဆိုဦးဆောင်တဲ့ ဧည့်သည်တော့တင်ဟမ်ရဲ့ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးကို ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား အာချီဂရေးက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် တော့တင်ဟမ်က မဖြစ်မနေလိုအပ်နေတဲ့နိုင်ပွဲနဲ့အတူ ၂၀၂၅ ခုနှစ်ကို နှုတ်ဆက်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်အရေးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။