The network connection is lost.

Banner Image

အီဆက်ခ်ဆီ သတင်းမေးခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ ဗန်ဒီဗန်

တော့တင်ဟမ်ခံစစ်မှူးဗန်ဒီဗန်က လွန်ခဲ့တဲ့သီတင်းပတ်၊ သူ့ရဲ့ဖျက်ထုတ်မှုတစ်ခုမှာ ခြေထောက်ရိုးကျိုးသွားတဲ့ လီဗာပူးတိုက်စစ်မှူးအီဆက်ခ်ဆီ အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ လီဗာပူးက တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း အခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ လီဗာပူးနည်းပြအန်းစလော့က ဗန်ဒီဗန်ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ဗန်ဒီဗန်က “ ကျွန်တော် သူ့ကို ဒဏ်ရာမရစေချင်သလို ထိခိုက်မှုတစုံတရာလည်း မဖြစ်စေချင်ပါဘူး။ အီဆက်ခ်ဆီ ကျွန်တော် စာတိုမက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
ကျွန်တော်က သူ့ရဲ့ကန်ချက်ကိုတားဆီးဖို့ ကြိုးစားခဲ့ခြင်းသာ ဖြစ်ပါတယ်။ သူ့ရဲ့ခြေထောက်က ကျွန်တော့်ရဲ့ခြေထောက်ကြားထဲ ဘယ်လိုရောက်နေသလဲမသိပါဘူး။ ကံအနည်းငယ်မကောင်းခဲ့ဘူးလို့ပဲ ထင်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်က သူ့ဆီ စာတိုမက်ဆေ့ချ်ပေးပို့ပြီး အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
မကြာခင် ကွင်းထဲမှာ အီဆက်ခ်ကိုပြန်မြင်ရဖို့ မျှော်လင့်မိပါတယ်။ အီဆက်ခ်ကိုယ်တိုင်လည်း ဒီစာတိုမက်ဆေ့ချ်ကို အသိအမှတ်ပြုပြီး စာပြန်ပေးပို့ခဲ့ပါတယ်”လို့ ပြောပါတယ်။
အခုသီတင်းပတ်၊ တနင်္လာနေ့မှာတော့ အီဆက်ခ်ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး အခုဘောလုံးရာသီမကုန်ဆုံးခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။