The network connection is lost.

Banner Image

အန်ဖီးလ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ လီဗာပူးနဲ့ ဆန်းဒါးလန်း

လီဗာပူး ၁-၁ ဆန်းဒါးလန်း (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ အိမ်ရှင်လီဗာပူးက ကြွေတက်နေတဲ့ဧည့်သည်ဆန်းဒါးလန်းကို အသာစီးရယူကစားနိုင်ခဲ့ပေမယ့် အန်ဖီးလ်မှာ နိုင်ပွဲရရှိဖို့လောက်အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုလည်း ပွဲချိန်တစ်နာရီကျော်မှာ တယ်လ်ဘီရဲ့လှပတဲ့အဝေးကန်ချက်ဖြင့် ဆန်းဒါးလန်းအသင်း ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ လီဗာပူးတို့ တိုက်စစ်မြှင့်တင်လာပြီး ဖလော်ရီယန်ဝစ်ဇ်ရဲ့ကန်ချက်က မူကီလီနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားလို့ ချေပဂိုးရရှိခဲ့ပါတယ်။