The network connection is lost.

Banner Image

နူးကမ့်မှာ အဖိုးတန်နိုင်ပွဲရယူခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ၃-၁ အက်သလက်တီကိုမက်ဒရစ် (ပွဲပြီးရလဒ်)

စပိန်အင်အားကြီးကလပ်အသင်းနှစ်ခုရဲ့ထိပ်တိုက်အားပြိုင်မှုက အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ဘေနာက အက်သလက်တီကိုမက်ဒရစ်အတွက် သွင်းယူပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ ရာဖင်ဟာက ချေပဂိုးသွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ လီဝန်ဒေါစကီးပယ်နယ်တီကန်သွင်းခွင့်ရရှိပေမယ့် ဂိုးပေါက်နဲ့လွဲချော်ခဲ့လို့ အိမ်ရှင်တို့ ဦးဆောင်ဂိုးမရရှိခဲ့ပါဘူး။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ဘာစီလိုနာအတွက် အဖိုးတန်သုံးမှတ်ဖြစ်ပေါ်စေမယ့် အနိုင်ဂိုးတွေကို ဒါနီအိုလ်မိုနဲ့ လူစားဝင်ကစားသမားဖာရန်တောရက်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဟန်စီဖလစ်ခ်ရဲ့အသင်းက အနီးဆုံးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ထက် တစ်ပွဲပိုကစား၊ လေးမှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့ပါတယ်။