အဖိုးတန်အိမ်ကွင်းနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာတဲ့ မန်စီးတီး
မန်စီးတီး ၃-၁ ဘုန်းမောက် (ပွဲပြီးရလဒ်)
အခုအီတီဟတ်ကွင်းပွဲစဉ်မှာ ပက်ဂွါဒီယိုလာရဲ့မန်စီးတီးက ပြိုင်ဘက်ဘုန်းမောက်ကို အဖက်ဖက်မှအသာစီးရယူကာ ပြတ်ပြတ်သားသားအနိုင်ယူပြီး အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ၆ မှတ်အကွာ၊ ဒုတိယနေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် အဖိုးတန်ဂိုးတွေကိုတော့ ဟာလန်း(၂ ဂိုး)နဲ့ အိုရွိုင်လေတို့က သွင်းယူပေးခဲ့ပြီး ဘုန်းမောက်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ အဒမ်စ်က သွင်းယူခဲ့ပါတယ်။ တဖက်မှာလည်း အခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် ဘုန်းမောက်က အမှတ်ပေးဇယားစတုတ္ထနေရာအထိ ဆင်းပေးလိုက်ရပါတယ်။