The network connection is lost.

Banner Image

မန်စီးတီးစတားကို ပြန်လည်ခေါ်ယူမယ်လို့ အတည်ပြုလာတဲ့ ဘင်ဖီကာရွေးကောက်ခံဥက္ကဌ

ဘင်ဖီကာအရွေးချယ်ခံဥက္ကဌ လိုပက်စ်ကတော့ မိမိတို့အနေနဲ့ မန်စီးတီးအသင်းစတား ဘာနာဒိုဆေးလ်ဗားကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း အတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာဥက္ကဌရွေးချယ်ပွဲမတိုင်ခင် လိုပက်စ်က တကယ်လို့ မိမိအနေနဲ့ ရွေးချယ်ခံခဲ့ရမယ်ဆိုရင် အသင်းစတားဟောင်း ဘာနာဒိုကိုပြန်လည်ခေါ်ယူပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့က အင်တာဗျူးမှာ အသက် ၅၄ နှစ်သားက ပေါ်တူဂီကွင်းလယ်လူကို ပြန်လည်ခေါ်ယူဖို့ တိုက်ရိုက်ချိတ်ဆက်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိဥက္ကဌ ရူအီကော်စတာက ပထမအဆင့်မဲပေးမှုမှာ အနည်းငယ်အလေးသာပြီးနောက် အခုလိုမျိုးသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အပြီးသတ်ရွေးချယ်မှုကို နိုဝင်ဘာ ၈ ရက်နေ့မှာ လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆေးလ်ဗားဟာ ဘင်ဖီကာအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၄ မိုနာကိုအသင်းထံမပြောင်းခင် ဘင်ဖီကာအသင်းအတွက် စီနီယာကစားသမားဘ၀ ၃ ပွဲပါဝင်ကစားခဲ့ပါတယ်။ အင်္ဂလန်မြေ ဂွါဒီယိုလာလက်အောက်မှာ ဆုဖလားအောင်မြင်မှုအများအပြားရယူထားနိုင်ခဲ့ပေမယ့် ကစားသမားဘဝနှောင်းပိုင်းမှာ ဘင်ဖီကာထံပြန်နိုင်ချေရှိနေတာဖြစ်ပါတယ်။

လိုပက်စ်ကလည်း သူ့ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ဘာနာဒိုကိုပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ဘာနာဒိုကို ပြန်လည်ခေါ်ယူချင်ပါတယ်။ ကျွန်တော် သူ့အတွက် စကားပြောနေတာအချိန်အတော်ကြာပါပြီ။ ကျွန်တော်ကမ်းပိန့်အစဟာကိုပဲ ပြန်ပြောပါမယ်။ ကျွန်တော်ဥက္ကဌဖြစ်လာခဲ့ရင် ဘာနာဒိုကိုပြန်လည်ခေါ်ယူမှာပါ။  ဘာနာဒိုအနေနဲ့ သူ့ဆုံးဖြတ်ချက်နဲ့သူရှိမှာပါ။ သူ့ဘက်က အခုလူသိရှင်ကြားထုတ်ပြောမှာမဟုတ်တာကို ကျွန်တော်လုံးဝနားလည်ပါတယ်”လို့ လိုပက်စ်က ပြောကြားခဲ့ပါတယ်။

ဘင်ဖီကာဥက္ကဌဖြစ်လာနိုင်ချေရှိနေတဲ့ လိုပက်စ်က အခုလိုမျိုးပြောကြားချိန် ဘာနာဒိုဘက်က စာချုပ်ကမ်းလှမ်းတာကို စောင့်ဆိုင်းနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မန်စီးတီးဘက်က သူတို့စတားကို ရောင်းချဖို့အစီအစဉ်မရှိပဲ စာချုပ်သက်တမ်းက ၂၀၂၆ အထိ ရှိနေသေးတာဖြစ်ပါတယ်။

“မှန်ပါတယ်။ ဘာနာဒိုအတွက် စာချုပ်စောင့်ဆိုင်းနေတာကို ကျွန်တော်အတည်ပြုနိုင်ပါတယ်။ ဇန်နဝါရီမှာတင် သူ့ကိုခေါ်ယူချင်ပါတယ်။ ဘင်ဖီကာအတွက် သူကအရာအားလုံးလုပ်ဆောင်ပေးနိုင်မယ်လို့ မြင်ပါတယ်။ သူက လုံးဝစစ်မှန်တဲ့ဘင်ဖီကာပရိသတ်ပါ။ ကျွန်တော် တပ်အပ်ပြောနိုင်တာက သူ့အနေနဲ့ဒီမှာတင်ရပ်တန့်နေမှာမဟုတ်ဘူးဆိုတာပါပဲ”လို့ လိုပက်စ်ကပြောကြားခဲ့ပါတယ်။ မန်စီးတီးနဲ့အတူ ဘာနာဒိုဟာ ပရီးမီးယားလိဂ် ၆ ကြိမ် ၊ လိဂ်ဖလား ၄ ကြိမ် ၊ အက်ဖ်အေဖလား ၂ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

ဘင်ဖီကာဥက္ကဌအသစ်ရွေးချယ်မှုကို နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ရူအီကော်စတာက ရေပန်းစားနေပေမယ့် ဘာနာဒိုကိုခေါ်ယူပေးမယ်ဆိုတဲ့ လိုပက်စ်ရဲ့ပြောကြားချက်ကြောင့် အားပြိုင်မှုတွေက ပြင်းထန်လာဖွယ်ရှိနေပါတယ်။ လိုပက်စ်ဥက္ကဌအသစ်ဖြစ်ခဲ့ရင်တောင် ဘာနာဒိုကိုခေါ်ယူဖို့အတွက် နွေရာသီအထိစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။