The network connection is lost.

Banner Image

ဘိုင်ယန်စတားအခြေအနေကို စောင့်ကြည့်နေတဲ့ လီဗာပူး

ဘုန်းမောက်စတား ဆီမီညိုအနေအထားနဲ့ပတ်သက်ပြီး စုံစမ်းပြီးနောက်  လီဗာပူးအသင်းဟာ ဘိုင်ယန်စတား အိုလစ်ဆီအနေအထားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ဆာလက်နေရာအတွက် ရေရှည်အစားထိုးနိုင်မယ့်ကစားသမားမျိုးကို ရှာဖွေနေတာဖြစ်ပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးထားပေမယ့် ၂၀၂၅ - ၂၆ ရာသီမှာ အစနှေးကွေးလာခဲ့တာဖြစ်ပြီး ဖရန့်ဖတ်နဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၃ နှစ်သားဟာ စလော့ရဲ့အစီအစဉ်ထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ လီဗာပူးဘက်ကလည်း ဆာလက်ရဲ့နေရာအတွက် အစားထိုးနိုင်မယ့်သူရှာဖွေနေပြီး ပစ်မှတ်တော်တော်များများကို ချိတ်ဆက်နေပါတယ်။ သတင်းတွေအရ လီဗာပူးအသင်းဟာ ဘုန်းမောက်စတား ဆီမီညိုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆီမီညိုကိုက စိတ်ဝင်စားတဲ့အဆင့်သာရှိနေတာဖြစ်ပြီး အသင်းတော်တော်များများက စိတ်ဝင်စားနေပါတယ်။

ဘုန်းမောက်အနေနဲ့ ဇန်နဝါရီမှာသူတို့စတားကို လက်လွှတ်ဖွယ်မရှိပဲ ရာသီအကုန်မှသာ ဆွေးနွေးဖွယ်ရှိနေပါတယ်။ ဘုန်းမောက်အနေနဲ့ ဟာဂျယ်ဆန် ၊ ဇာဘာနီ နဲ့ ကာကက်ဇ်တို့ကိုရောင်းချထားတာကြောင့် ငွေကြေးလိုအပ်ချက်မရှိတာဖြစ်ပါတယ်။ ဂါနာသား နဲ့ ဘုန်းမောက်တို့ကြား ၂၀၃၀ အထိ စာချုပ်သက်တမ်းရှိနေပါတယ်။ တကယ်လို့ရောင်းချရမယ်ဆိုရင်လည်း အနည်းဆုံးပေါင် ၇၅ သန်းလောက်တောင်းဆိုဖွယ်ရှိနေပါတယ်။

ဘုန်းမောက်အနေနဲ့ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအတိုင်းဆက်လက်ရပ်တည်နိုင်မယ်ဆိုရင်တော့ ဆီမီညိုရဲ့တန်ကြေးက မြင့်တက်လာဖွယ်ရှိနေပါတယ်။ ဆီမီညိုကို လီဗာပူးအပြင် တော့တင်ဟမ် နဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာလည်း ရစ်ချက်ဟု့ချ်က အန်ဖီးလ်မှာရောက်နေတာကြောင့် ဆီမီညိုကို အဓိကထားခေါ်ယူဖွယ်ရှိနေပါတယ်။ အခုချိန်မှာတော့ လီဗာပူးအသင်းဟာ အိုလစ်ဆီကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်အတွက် အိုလစ်ဆီဟာ ၂၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိရာသီမှာလည်း ၅ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်သားဟာစာချုပ်ထဲမှာ ဖျက်သိမ်းကြေးထည့်သွင်းဖို့ ဆွေးနွေးနေပေမယ့် ဘိုင်ယန်ကတော့ အဆိုပါသတင်းတွေကို ပယ်ချခဲ့ပါတယ်။ “အိုလစ်ဆီကို ကျွန်တော်တို့ ခေါ်ယူခဲ့တုန်းက ၂၀၂၉ အထိ စာချုပ်ဖျက်သိမ်းကြေးမပါပဲခေါ်ယူခဲ့တာပါ။  အဲ့တာကပဲ သူ့ကိုအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့တာပါ”လို့ ဘိုင်ယန်အားကစားဒါရိုက်တာ အီဘာရယ်က ပြောကြားခဲ့ပါတယ်။