အီဇီရဲ့သွင်းဂိုးနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၁ - ၀ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာဆိုပေမဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ပိတ်ဆို့ကစားပုံတွေကြောင့် ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပါတယ်။
အာဆင်နယ်ရဲ့အနိုင်ဂိုးကိုတော့ ထုံးစံအတိုင်း တည်ကန်ဘောကနေ ရရှိခဲ့တာဖြစ်ပြီး အီဇီက အသင်းဟောင်းကို ဂိုးပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မန်စီးတီးက ရှုံးသွားတာကြောင့် အာဆင်နယ်က အမှတ်ပေးဇယားကို လေးမှတ်ဖြတ်ဦးဆောင်သွားနိုင်ခဲ့ပါတယ်။