The network connection is lost.

Banner Image

ပါမီးရက်စ်ကိုအနိုင်ယူကာ ချန်ပီယံဆုအတွက် ခြေတစ်လှမ်းတိုးလာတဲ့ ချဲလ်ဆီး

ပါမီးရက်စ် ၁-၂ ချဲလ်ဆီး (ပွဲပြီးရလဒ်)

ပွဲအစပိုင်းမှာပဲ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပယ်လ်မာကသွင်းယူပေးခဲ့သလို ပါမီးရက်စ်ကလည်း မာမာထန်ထန်တုံ့ပြန်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ မကြာခင်ကာလအတွင်း ချဲလ်ဆီးဆီရောက်ရှိလာတော့မယ့် ပါမီးရက်စ်လူငယ်စတားအက်စ်တီဗာအိုက သူ့ရဲ့လက်ရှိကလပ်အသင်းအတွက် ချေပဂိုးကို လှလှပပသွင်းယူသွားပါတယ်။ ဒီနောက်ပိုင်းမှာလည်း အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ နှစ်သင်းလုံးတိုက်စစ်ဆင်ကစားသွားပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ ဂိုးသမားဝီဘာတန်ရဲ့O.Gမှတဆင့် ချဲလ်ဆီးတို့ အဖိုးတန်အနိုင်ဂိုးရရှိသွားပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်ဇိုမာရက်စ်ကာရဲ့အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ နောက်ထပ်ဘရာဇီးကလပ်အသင်းဖြစ်တဲ့ ဖလူမီးနိစ်နဲ့ရင်ဆိုင်သွားရပါလိမ့်မယ်။ ဖလူမီးနိစ်ကလည်း ကွာတားဖိုင်နယ်အဆင့်မှာ ဆော်ဒီအင်အားကြီးကလပ်အသင်း အယ်လ်ဟီလယ်ကို အနိုင်ယူခဲ့ပါတယ်။