The network connection is lost.

Banner Image

ဘိုတာဖိုဂိုကို အနိုင်ယူကာ ကွာတားဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန်တက်လှမ်းသွားတဲ့ ပါမီးရက်စ်

ပါမီးရက်စ် ၁-၀ ဘိုတာဖိုဂို (အချိန်ပိုပွဲချိန်အပြီးရလဒ်)

ဘရာဇီးပြည်တွင်းကလပ်နှစ်ခုထိပ်တိုက်တွေ့ဆုံမှုမှာ ပါမီးရက်စ်က ပွဲချိန်တလျှောက်လုံး ပိုမိုကောင်းမွန်တဲ့ခြေစွမ်းမျိုးပြသပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ခုကို ရရှိပိုင်ဆိုင်သွားပါတယ်။ အခုပွဲစဉ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို အချိန်ပိုပထမပိုင်းပွဲချိန်အတွင်း ပေါ်လင်ဟိုက သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာတော့ ဘိုတာဖိုဂိုတို့ အသက်ဝင်လာပေမယ့် သူတို့ရဲ့ချေပဂိုးရရှိရေးကြိုးပမ်းမှုတွေကို ပါမီးရက်စ်ခံစစ်ပိုင်းက အစွမ်းပြကာကွယ်သွားခဲ့ပါတယ်။ အခုနိုင်ပွဲနဲ့အတူ ပါမီးရက်စ်က ကွာတားဖိုင်နယ်အဆင့်မှာ ဘင်ဖီကာ(သို့)ချဲလ်ဆီးနဲ့ ရင်ဆိုင်သွားရပါမယ်။