
အဆုံးသတ်အားနည်းမှုကြောင့် မွန်တာရေးနဲ့ တစ်မှတ်စီ ခွဲယူလိုက်ရတဲ့ အင်တာမီလန်
မွန်တာရေး ၁ - ၁ အင်တာမီလန် (ပွဲပြီးရလဒ်)
အင်တာမီလန်က တစ်ပွဲလုံးလိုလို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် မွန်တာရေးဂိုးသမား အန်ဒရာဒါ လက်စွမ်းပြမှုတွေနဲ့အတူ အဆုံးသတ်အားနည်းမှုတွေကြောင့် အဖွင့်ပွဲမှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။
မွန်တာရေးကတော့ ကွင်းလုံးပြည့်နီးပါး လာရောက်အားပေးတဲ့ ပရိသတ်အားနဲ့အတူ အဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခု ရယူသွားနိုင်ခဲ့ပါတယ်။