
ဒုတိယပိုင်း comebackနဲ့အတူ အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၂ - ၁ ချဲလ်ဆီး (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားကျသွားခဲ့သလို ရရှိလာတဲ့ အခွင့်အရေးအချို့ကိုလည်း ပယ်လ်မာ၊ နက်တိုတို့ ဖြုန်းတီးပစ်ခဲ့ပါတယ်။
ဗီလာကတော့ ဒုတိယပိုင်းမှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့၊ အဆန်စီယိုတို့ရဲ့အစွမ်းပြမှုနဲ့အတူ comeback ပြန်လာနိုင်ခဲ့ပြီး အဖိုးတန် အနိုင်သုံးမှတ်ကို စုဆောင်သွားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအတွက်တော့ သရေတစ်မှတ်ရဖို့ နီးစပ်နေချိန် ဂိုးသမား ဂျော်ဂျင်ဆန်ရဲ့မထင်မှတ်ထားတဲ့ အမှားကြောင့် ဗီလာပါ့ခ်မှာ ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။