The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ဆီမပြောင်းဖို့ အကြံပြုခံနေရတဲ့ မော်ဂန်ရော်ဂျာ

အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန်ရော်ဂျာအနေနဲ့ ဒီနွေရာသီမှာ အသင်းကနေ မထွက်ခွာဖို့ တိုက်တွန်းပြောကြားတာ ခံနေရပါတယ်။

ဗီလာအသင်းက ရော်ဂျာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ လို့ ဈေးသတ်မှတ်ထားကြောင်း သတင်းထွက်နေပေမဲ့ အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ကိုတော့ တားဆီးနိုင်ခြင်း မရှိသေးပါဘူး။

အသက် ၂၃ နှစ်အရွယ် ကစားသမားလေးဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်သွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးမှာတော့ ကလပ်အသင်းနှစ်သင်းလုံးက သူ့ကိုခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားလာလိမ့်မယ်လို့လည်း ယူဆရပါတယ်။ ထိပ်တန်းကလပ်တွေက စိတ်ဝင်စားနေပေမဲ့လည်း ဒင်းဆောန်ဒါးစ်ကတော့ ရော်ဂျာအနေနဲ့ ဗီလာမှာ အနည်းဆုံး တစ်ရာသီလောက် ထပ်ရှိနေသင့်တယ်လို့ ယုံကြည်ကြောင်း PariuriX ကို ပြောကြားခဲ့ပါတယ်။

၎င်းက "တကယ်တော့ ရော်ဂျာ ဘယ်ကိုမှ မသွားသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အူနိုင်းအမ်မရီက သူ့ကို ခေါ်တွေ့တဲ့အခါ ပြောမယ့် စကားတွေကိုတော့ ကျွန်တော် ခန့်မှန်းလို့ ရတယ်။ ရော်ဂျာက အမ်မရီကို ဗီလာက ဘယ်သူတွေကို ခေါ်ဖို့ စီစဉ်နေလဲဆိုတာ မေးမှာပါ။ သူက 'ကျွန်တော့်ကို အသင်းမှာ ဆက်ရှိစေချင်ရင် ဘယ်သူတွေကို ခေါ်မလဲ။ ကျွန်တော်တို့က လီဒယ်လ် (Lidl) လို ဈေးသက်သာတဲ့ဆိုင်မှာပဲ ဈေးဝယ်မှာလား ဒါမှမဟုတ် ဈေးကြီးတဲ့ဆိုင်မှာ ဝယ်မှာလား' လို့ မေးပါလိမ့်မယ်။ မန်ယူနဲ့ ချဲလ်ဆီးတို့က ရော်ဂျာနဲ့ ပတ်သက်ပြီး သတင်းထွက်နေပေမဲ့ အက်စတွန်ဗီလာက သူတို့နှစ်သင်းလုံးထက် ပိုကောင်းပါတယ်။ သူတို့ကို သွားပူးပေါင်းဖို့ ကျွန်တော် အကြံမပြုချင်ပါဘူး။ မန်ယူကို ပြောင်းရင် ဘာဖြစ်တတ်လဲဆိုတာ ကျွန်တော်တို့ တွေ့ဖူးပါတယ်။ အဲ့ဒါက သင်္ချိုင်းကုန်းတစ်ခုလိုပါပဲ။ အခုတော့ သူတို့ လမ်းကြောင်းမှန်ပေါ် ရောက်နေသလိုမျိုး ရှိပြီး စိတ်ဓာတ်မကောင်းတဲ့ ကစားသမား အများကြီးကိုလည်း ရှင်းထုတ်ပြီးပါပြီ။ ဒါပေမဲ့ အဲ့ဒီလို မလုပ်ခင်မှာ သူတို့ အောက်ဆုံးအဆင့်အထိ ရောက်သွားခဲ့ရပါတယ်။ အခုတော့ သူတို့က ဘယ်လိုအခြေအနေမျိုးမှာမဆို ကစားချင်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ပါပြီ" လို့ ဆိုပါတယ်။

ရော်ဂျာဟာ ဒီရာသီ ဗီလာအတွက် ၁၀ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် ချဲလ်ဆီးနဲ့ မန်ယူတို့ရဲ့ ကွင်းလယ်မှာ အလွယ်တကူ နေရာရနိုင်သူလည်း ဖြစ်ပါတယ်။

 ရော်ဂျာ၊ ဆန်ဒရို တိုနာလီ၊ အီးလီးယော့ အန်ဒါဆန်နဲ့ ကားလို့စ် ဘလီဘာတို့အားလုံးဟာ မန်ယူ၊ ချဲလ်ဆီးတို့နဲ့ သတင်းထွက်နေပြီး နွေရာသီ ရောက်လာတဲ့အခါ ကစားသမား တစ်ယောက်ချင်းစီ ဘယ်အသင်းကို ရောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။