The network connection is lost.

Banner Image

အိုနာနာရဲ့နောက်ကျအမှားနဲ့ပတ်သက်ပြီး ဝန်ခံပြောကြားလာတဲ့ ယိုရို

ယူနိုက်တက်နောက်ခံလူ ယိုရိုက အိုနာနာရဲ့နောက်ကျအမှားနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မနှစ်သက်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ အဝေးကွင်းမှာ လိုင်ယွန်ကို အနိုင်ရဖို့နီးစပ်ခဲ့ပြီး ဇီကာဇီးရဲ့ပွဲကစားချိန် ၈၈ မိနစ်သွင်းယူခဲ့တဲ့ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်ပိုမှာ အိုနာနာရဲ့ဒုတိယအကြိမ်အမှားကနေ ချေပဂိုးပြန်ပေးခဲ့ရပြီး လိုင်ယွန်စတား မီကာတာဒီရဲ့ကန်ချက်ကို မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ လိုင်ယွန်ရဲ့ပထမဂိုးမှာလည်း အမှားလုပ်ခဲ့သေးတာဖြစ်ပြီး အယ်လ်မာဒါရဲ့ကန်ချက်ကို မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ ယိုရိုက “ဒီဂိုးက အဆိုးဝါးဆုံးအချိန်အတွင်းပေးခဲ့ရတဲ့ဂိုးပါ။ ကျွန်တော်တို့ ၂-၁ နဲ့ အနိုင်ရဖို့နီးစပ်ခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ကျချေပဂိုးကြောင့် ၂-၂ နဲ့သာကျေနပ်ခဲ့ရပါတယ်။ အိမ်ကွင်းမှာ ကျွန်တော်အနိုင်ကန်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ခံစစ်က အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကလည်း အသင်းကောင်းတစ်သင်းဖြစ်သလို တိုက်စစ်မှူးကောင်းတွေလည်းရှိပါတယ်။ 
ဒါကြောင့် ကျွန်တော်တို့ အရာအားလုံးအဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ ကံမကောင်းခဲ့တာက ကျွန်တော်တို့ ချေပဂိုးပေးလိုက်ရပါတယ်။ ကျွန်တော်အများကြီး မနှစ်သက်ပါဘူး။ အောင်ပွဲမခံခဲ့ပါဘူး။

ဘာလို့လဲဆိုတော့ အဲ့တာက သာမန်ပါပဲ။ ကျွန်တော်တို့အနိုင်ရချင်ခဲ့ပါတယ်။ အောင်ပွဲခံဖို့ အချိန်မရှိပါဘူး။ ပထမဆုံးဂိုးနဲ့ပတ်သက်ပြီး  တကယ်ပျော်ပါတယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ပေမယ့် အဆင်ပြေပါတယ်။ အရိုးသားဆုံးပြောရရင် အဲ့တာက တကယ်လျင်မြန်ခဲ့ပါတယ်။ ဘာအကြောင်းမှတွေးချိန်မရလိုက်ပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ ဂိုးသွင်းနိုင်ဖို့ပဲရှိခဲ့ပါတယ်။
အဝေးကွင်းမှာ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့သလို ထိရောက်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တိုင်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့လိုမျိုး ကျွန်တော်တို့ ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အိမ်ကွင်းမှာ အရာအားလုံးပေးဆပ်ဖို့ လိုအပ်ပါတယ်။

၂-၁ နဲ့အနိုင်ရခဲ့မယ်ဆိုရင် ယုံကြည်မှုပိုရှိမှာဖြစ်ပေမယ့် ကျွန်တော်တို့ မရှုံးခဲ့တာကြောင့်  အိုးထရက်ဖို့ဒ်မှာ အနိုင်ကန်ရပါမယ်”လို့ ယိုရိုက ဖြေကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဒုတိယအကျော့မတိုင်ခင် လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။