ယူရို ၂၀၂၄ ဖိုင်နယ်မှာ အင်္ဂလန်ကို အနိုင်ရရှိဖို့ ဘာလုပ်ရမလဲဆိုတာ ပြောကြားလိုက်တဲ့ ယာမယ်
စပိန်ဟာ ဂျာမနီနှင့် ပြင်သစ်တို့ကို အနိုင်ရရှိခဲ့ပြီးနောက် ယူရို ၂၀၂၄ ဖိုင်နယ်တွင် အင်္ဂလန်နှင့် ဆက်လက်ကစားရမှာဖြစ်ပါတယ်လို့ ယာမယ်က ပြောကြားလိုက်တာပါ။
လက်ရှိမှာ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ ယာမယ်ဟာ တနင်္ဂနွေနေ့ဖိုင်နယ်အတွက် စပိန်က ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတဲ့ Marca ရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပြီး အရေးကြီးဆုံးအချက်မှာ ယခုအချိန်အထိ အသင်းရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်များအတိုင်း ဆက်လက်ရှိနေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စပိန်ဟာ အုပ်စုအဆင့်တွင် ၃ ပွဲကစားအပြီး ၉ မှတ်ဖြင့် အမှတ်အများဆုံးရရှိခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး ဖိုင်နယ်သို့ရောက်ရှိရန် ပိုမိုခက်ခဲစွာ ဖြတ်သန်းခဲ့ရတာပါ။ စပိန်ဟာအုပ်စုတွင်း အကောင်းဆုံးအသင်းဖြစ်တဲ့ ဂျာမနီကို ကွာတားဖိုင်နယ်တွင် အနိုင်ရရှိခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ရောက်ရှိခဲ့တဲ့ ပြင်သစ်ကိုလည်း ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိခဲ့ပြန်ပါတယ်။ စပိန်ဟာ အစပိုင်းတွင် နောက်ကောက်ချခြင်းခံခဲ့ရသော်လည်း ဂျော်ဂျီယာရဲ့ပွဲမှာ အံ့အားသင့် ပြုလုပ်ပြခဲ့ပါတယ်။ အင်္ဂလန်ဟာ ဆလိုဗက်ကီးယား၊ ဆွစ်ဇာလန်နှင့် နယ်သာလန်တို့နှင့် ရင်ဆိုင်ရသော်လည်း အချိန်ပို၊ ပင်နယ်တီနှင့် နောက်ဆုံးမိနစ်တွင်သာ အသီးသီးအနိုင်ရရှိခဲ့တာပါ။
ယာမယ်က "ဂျာမနီ ဒါမှမဟုတ် ပြင်သစ်တို့နဲ့ ကစားခဲ့သလိုမျိုး ကျွန်တော်တို့ ကစားနေတာပါ။ ဘောလုံးကိုင်ပြီး ပွဲကို အချိန်တိုင်းထိန်းချုပ်နေတာက အကောင်းဆုံးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဒီလိုလုပ်ရင် ဘယ်သူမှ တားလို့မရပါဘူး။ စပိန်လို အသင်းတစ်သင်းအနေနဲ့ ဘောလုံးကစားတာက ဖိအားပေးမယ့်သူ မရှိဘူးဆိုတာ ရှင်းပါတယ်" လို့ ပြောပါတယ်။
ဖိုင်နယ်ပွဲမစခင် တစ်ရက်အလိုမှာ အသက် ၁၇ နှစ် ပြည့်မှာဖြစ်တဲ့ ယာမယ်က "ကျွန်တော်တို့သာ အနိုင်ရမယ်ဆိုရင် ဘာလက်ဆောင်မှ မလိုချင်ပါဘူး။ မက်ဒရစ်မှာ အသင်းဖော်တွေနဲ့ အောင်ပွဲခံချင်ပါတယ်လို့ အမေ့ကို ပြောခဲ့ပါတယ်။ ပရိသတ်တွေရဲ့ဆိုရင်ကို ရူးခါသွားနိုင်လောက်ပါတယ်။ အားလုံးကလည်း လေဆိပ်မှာကတည်းက အားပေးနေကြမှာပါ။ ဥရောပဖလားကို ရရှိတယ်ဆိုတာက ၂၀၁၂ ခုနှစ်ကတည်းက မဖြစ်ခဲ့တဲ့အရာကို အားလုံးပျော်ကြမှာပါ" လို့ ပြောပါတယ်။
စပိန်အနိုင်ရပါက ယာမယ်ကအရမ်းကို ပျော်သွားမှာပါ။ နီကိုဝီလျံ၊ ဖေဘီယံရုဇ် နှင့် ရိုဒရီတို့ကလည်း မကြာသေးမီရက်သတ္တပတ်များအတွင်း အကောင်းဆုံး ကစားနိုင်စွမ်းကို ပြသခဲ့တာကြောင့် ဘာလင်မှာကစားမယ့် အင်္ဂလန်နဲ့ပွဲမှာ ပွဲကိုအပြောင်းအလဲလုပ်နိုင်ဖို့ အကျိုးသက်ရောက်မှုတွေရှိစေမှာပါ။