
မန်စီးတီးထက် ဝီရက်ဇ်တစ်ယောက် လီဗာပူးကိုရွေးချယ်ရတဲ့အကြောင်းအရင်း ထွက်ပေါ်လာ
လေဗာကူဆင်စတား ဝီရက်ဇ်တစ်ယောက် မန်စီးတီးထက် လီဗာပူးကို ဘာကြောင့် ရွေးချယ်ရလဲဆိုတဲ့အကြောင်းအရင်း ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်သားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ နွေရာသီမှာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ ဂျာမန်ကနေထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
ပရီးမီးယားလိဂ်အသင်းတော်တော်များများက ဝီရက်ဇ်ကို စိတ်ဝင်စားနေပြီး စီးတီးက ဒီဘရိုင်းနေရာအတွက် အစားထိုးချင်နေကာ အသင့်တော်ဆုံးအစားထိုးမှုအဖြစ် ရှုမြင်နေပါတယ်။ ဒါပေမယ့်လည်း သတင်းတွေအရတော့ ဂျာမန်သားဟာ လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းဌာန Bild ကတော့ ဝီရက်ဇ်တစ်ယောက် စီးတီးထံမပြောင်းတာက ဂွါဒီယိုလာအနေနဲ့ လာမယ့် ၂၀၂၇ မှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတာကြောင့်လို့ ဖော်ပြခဲ့ပါတယ်။
ဝီရက်ဇ်က တည်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ အထိုင်ကျချင်နေပြီး လီဗာပူးအသင်းက သူ့အတွက် အဆင်အပြေဆုံးလို့ ထင်မြင်နေပါတယ်။
စလာ့ရဲ့စာချုပ်သက်တမ်းကလည်း ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပေမယ့် ဆုဖလားတွေဆက်လက်ရယူနိုင်မယ်ဆိုရင် သက်တမ်းတိုးနိုင်ဖွယ်ရှိနေပါတယ်။ Bild ကတော့ ဝီရက်ဇ်ဟာ လီဗာပူးအသင်းကိုသာ ဦးစားပေးရွေးချယ်ထားပြီး ဖရင်းပေါင်ကလည်း အန်ဖီးလ်ပြောင်းမှာဖြစ်တာကြောင့် အသင်းဖော်ဟောင်းနဲ့အတူ ပေါင်းဆုံဖို့များနေပါတယ်။