The network connection is lost.

Banner Image

အယ်လ်နာဆာအသင်းထံပြောင်းရွှေ့တော့မယ့် ဘိုင်ယန်စတား

ဘိုင်ယန်တောင်ပံကစားသမား ကိုးလ်မန်းတစ်ယောက် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ရိုမာနိုရဲ့အဆိုအရ ကိုးလ်မန်းဟာ အယ်လ်နာဆာအသင်းထံ ယူရိုသန်း ၃၀ အောက်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာလို့ ဆိုပါတယ်။

သတင်းတွေအရ ပြင်သစ်သားဟာ အယ်လ်နာဆာအသင်းထံ ၃ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ အခုအပတ်ထဲမှာ ဆေးစစ်မှု နဲ့ အပြီးသတ်လက်မှတ်ထိုးမယ်လို့ သိရပါတယ်။ ကွန်ပနီလက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးလာခဲ့ပြီးနောက် ကိုးလ်မန်းဟာ အယ်လ်နာဆာအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒီယက်ဇ်တစ်ယောက် လီဗာပူးထံရောက်လာမှုနဲ့အတူ ပြင်သစ်သားဟာ ပွဲထွက်ခွင့်နည်းပါးလာဖွယ်ရှိနေပြီး အခုလိုမျိုးအသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းကတော့ တိုက်စစ်မှာ ဂျာအိုဖီးလစ် ၊ မာတီနက်ဇ်တို့နဲ့အတူ တိုက်စစ်ကို တည်ဆောက်ချင်နေပါတယ်။

ကိုးလ်မန်းဟာ သူကစားခဲ့တဲ့အသင်းတိုင်းမှာ ဆုဖလားရရှိခဲ့ဖူးတာဖြစ်ပြီး အခုလည်း အယ်လ်နာဆာမှာ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အယ်လ်နာဆာရဲ့ရာသီက မကြာခင်မှာစတင်မှာဖြစ်ပြီး အခုရာသီ ဆော်ဒီလိဂ်ဖလား နဲ့ အခြားဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ကိုးလ်မန်းဟာ အယ်လ်နာဆာတိုက်စစ်မှာ ရော်နယ်ဒို ၊ မာနေးတို့နဲ့အတူ တွဲဖက်ကစားရဖွယ်ရှိနေပါတယ်။