ဗီလာကိုအနိုင်ရပြီးနောက် ဖိုဖာနာဒဏ်ရာရရှိခဲ့တယ်လို့ မာရက်စ်ကာ အတည်ပြု
ဗီလာကို ၃ ဂိုးပြတ်အနိုင်ရပြီးနောက် ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက နောက်ခံလူ ဖိုဖာနာတစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ချဲလ်ဆီးအသင်းဟာ မာရက်စ်ကာလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အခုလည်းအိမ်ကွင်းမှာ ဗီလာကို ဂျက်ဆင် ၊ ဖာနန်ဒက်ဇ် ၊ ပယ်လ်မာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒါပေမယ့်လည်း ပွဲကစားချိန် ၆၀ မိနစ်မှာ နောက်ခံလူ ဖိုဖာနာတစ်ယောက် ကွင်းထဲလဲကျခဲ့ပြီး တံကောက်ကြောဒဏ်ရာရရှိခဲ့ကာ ဘာဒိုင်းရှီလီနဲ့ လူစားလဲခဲ့ရပါတယ်။အခုချိန်မှာတော့ မာရက်စ်ကာက ဖိုဖာနာဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုနှစ်ထဲပြန်မလာနိုင်တော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။
ပွဲအပြီးမှာ မာရက်စ်ကာက “ဖိုဖာနာဒဏ်ရာရတဲ့သတင်းက ဆိုးဝါးတဲ့သတင်းပါ။ သူ့မှာ ကြွက်သားပြဿနာရှိနေပါတယ်။ အဲ့တာက တံကောက်ကြောနဲ့ဆင်တူပါတယ်။ ဒီလိုပြဿနာတွေက အနည်းဆုံး ၄ ပတ်ကနေ ၅ ပတ်လောက်နားရပါတယ်။ တကယ့်ကိုကြီးမားတဲ့ဆုံးရှုံးမှုပါ”လို့ ဖြေကြားခဲ့ပါတယ်။မာရက်စ်ကာရဲ့ဖြေကြားချက်က အတိအကျမဟုတ်သေးပေမယ့် မကြာခင်မှာ ဖိုဖာနာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ကာ နားရမယ့်ရက်အတိအကျကို ထုတ်ပြန်ဖွယ်ရှိနေပါတယ်။