The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ဒုတိယအကျော့ပွဲအတွက် အာဆင်နယ်မှာ စိတ်ပိုင်းဆိုင်ရာအသာစီးရှိနေတယ်လို့ အာစင်ဝင်းဂါး ယုံကြည်နေ

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးက အသင်းဟောင်းအနေနဲ့ လာမယ့်ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ စိတ်ပိုင်းဆိုင်ရာအားသာချက်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ပထမအကျော့တုန်းက အိမ်ကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့အတွက် ပီအက်စ်ဂျီက အိမ်ကွင်းအားသာချက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဂန္ထဝင်နည်းပြကြီးကတော့ အာတီတာရဲ့အသင်းမှာ စိတ်ပိုင်းဆိုင်ရာအားသာချက်ရှိနေတယ်လို့ အကြွင်းမဲ့ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီအနေနဲ့ ပွဲကိုဘယ်လိုချဉ်းကပ်မလဲဆိုတာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ချန်ပီယံလိဂ်မှာ ဘာကစိတ်ဝင်စားဖို့ကောင်းလဲဆိုရင် ခင်ဗျားအနေနဲ့ အိမ်ကွင်းကနေ အဝေးကွင်းသွားကန်ချိန်မှာ ဒုတိယအကျော့ပွဲမတိုင်ခင် စိတ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။

အာဆင်နယ်က စိတ်ပိုင်းဆိုင်ရာအရ အေးအေးဆေးဆေးပါ။ သူတို့အေးဆေးသွားကန်ပြီး အနိုင်ယူပါလိမ့်မယ်။ ပီအက်စ်ဂျီအတွက်တော့ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပါတယ်။ သူတို့ ပထမအကျော့က အားသာချက်ကို ကာကွယ်ရပါမယ်။ တန်ပြန်ကနေပဲကစားပါလိမ့်မယ်။

သိတဲ့အတိုင်း အသင်းအခြေအနေကို ခင်ဗျားထက်ပိုပြီး ဘယ်သူမှမသိပါဘူး။ တကယ်လို့ သူတို့ပထမအကျော့အားသာချက်ကို ကာကွယ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အသင်းရှိရင်းစွဲအနေအထားကို ဆန့်ကျင်သလိုဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အင်းနရစ်အနေနဲ့ နောက်ထပ်နိုင်ပွဲရအောင်ပဲ ဖော်ဆောင်လာပါလိမ့်မယ်။ အိမ်ကွင်းမှာ ခင်ဗျားအနေနဲ့ ဖိုင်နယ်ပွဲလိုမျိုးကန်ရပါမယ်။ အဲ့တာမျိုးဖြစ်လာမယ်ဆိုရင်တော့ အရမ်းခက်ခဲနိုင်ပါတယ်”လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ကော ပီအက်စ်ဂျီကော ချန်ပီယံလိဂ်ဘယ်တုန်းကမှမရသေးပဲ တကယ်လို့ ဒုတိယအကျော့က ပိုအားပြိုင်မှုပြင်းထန်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်ဟာ ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်အသင်းကို ၂ ကျော့စလုံးအနိုင်ယူပြီး ကျော်ဖြတ်လာခဲ့ပေမယ့် အခုပီအက်စ်ဂျီက ပိုခက်ခဲနေတာဖြစ်ပါတယ်။ စနေနေ့တုန်းက အာဆင်နယ်ဟာ ဘုန်းမောက်ကို ၂-၁ နဲ့အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် လာမယ့်ပီအက်စ်ဂျီနဲ့ဒုတိယအကျော့ပွဲမှာ အနိုင်ကန်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။